Search This Blog

Monday, September 30, 2013

Unlock Pattern မေ့​သွား​လို့ ဖုန်း Lock ဖွင့်​လို့​မ​ရ​တော့​ရင်

Android ဖုန်း​တွေ​မှာ လုံခြုံ​ရေး​အရ သင့်​ရဲ့ ဖုန်း​ထဲ​က အချက်အလက်​တွေ​ကို တခြား​လူ အ​လွယ်​တ​ကူ ဝင်​ကြည့်​နိုင်​ဖို့ Lock Pattern နဲ့​ပဲ​ဖြစ်​ဖြစ် Pin Number နဲ့​ပဲ​ဖြစ်​ဖြစ် ပိတ်​ထား​လို့ ရ​တယ်​ပေါ့​ဗျာ …
အဲ ဒါ​ပေ​မယ့် … ကိုယ်​ပေး​ထားခဲ့​တဲ့ Lock Pattern ဘယ်​လို​ဆွဲလဲ​ဆို​တာ ဒါ​မှ​မဟုတ် Pin Number ဘာ​ပေး​ခဲ့​လဲဆို​တာ ခေါင်း​ထဲ​မှာ မ​မှတ်မိ​တော့​ရင်​တော့ ဘယ်​လို​လုပ်​မ​လဲ

… ကျွန်တော် ပြော​ပြ​မယ့် နည်း​လမ်း​လေး​တွေ​က အသုံးဝင်​မှာ​ပါ … ဖုန်း​ထဲ​မှာ google account တော့ ဝင်​ထား​ဖို့​လို​ပါ​တယ် …
အကယ်​လို့ ဖုန်း​ထဲ​မှာ Google Account ကို ဝင်​မ​ထား​မိ​ဘူး​ဆို​ရင်​တော့ …
Wi-Fi ချိတ်​ထား​ဖို့ လို​ပါ​တယ် … ဘာ​လို့​လဲဆို​တော့ ဖုန်း​ပြော​နေ​ရင်း Internet သုံး​ဖို့ အဆင်​မ​ပြေ​လို့​ပါ။
ပြီး​တော့ တခြား​ဖုန်း​တစ်​လုံး​လုံး​နဲ့ သင့်​ဖုန်း​ကို ခေါ်​လိုက်​ပါ …
Answer လုပ်​လိုက်​ပါ … ပြီး​တော့ Back Key နှိပ်​ပြီး Settings > Location & Security ထဲ​က​နေ disable lock pattern
ပြီး​တော့ Settings > Accounts & Sync က​နေ Add Account
ပြီး​တော့ google account ကို​ထည့်​လိုက်​ပေါ့​ဗျာ …
ပြီး​တော့ ဖုန်း​ချ​လိုက်​ပါ …
အောက်​က အဆင့်​တွေ ဆက်​လုပ်​လို့ ရ​ပါ​ပြီ …
Unlock Pattern မှာ ငါး​ကြိမ်​ထက် ပို​မှား​ခဲ့​ရင်​တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာ​ပါ​မယ် …
OK နှိပ်​လိုက်​ပါ။
စက္ကန့် ​၃​၀ ပြည့်​တဲ့​အခါ ညာ​ဘက်​အောက်​ထောင့်​က Forgot pattern? ဆို​တာ​လေး​ကို နှိပ်​လိုက်​ရင် ဒီ​လို​လေး​ပေါ်လာ​မယ် …
ဒါ​ဆို​ရင် သင်​ဖုန်း​ထဲ​မှာ ထည့်​ထား​တဲ့ username နဲ့ password ဖြည့်​ပြီး Sign in လုပ်​လိုက်​ပါ …
ဝင်​သွား​ပြီ​ဆို​ရင် Pattern အသစ်​တစ်​ခု ပေး​ရ​မှာ​ပါ … ဒီ​တစ်​ခါ​တော့ မှတ်ထား​ပေါ့နော် …
ပြီး​ရင် Continue နှိပ်​ပါ …
Confirm ဖြစ်​ဖို့​အတွက် နောက်​တစ်​ကြိမ်​ထပ်​လုပ်​ရ​ပါ​မယ် …
ပြီး​ရင် Confirm နှိပ်​ပါ …
ဒါ​ဆို​ရင်​တော့ သင်​ဟာ အောင်မြင်​စွာ​နဲ့ ပြန်လည် Unlock Pattern ဖြည်​နိုင်​သွား​ပြီ​ပဲ ဖြစ်​ပါ​တယ် …
အကယ်​လို့ … ဒီ​နည်း​နဲ့ အဆင်​မ​ပြေ​ဘူး​ဆို​ရင်​တော့ နောက်​တစ်​နည်း ရှိ​ပါ​သေး​တယ် …
အဲ​ဒါ​ကတော့ Screen Lock Bypass Android Application ကို အသုံးပြု​ပြီး​တော့ ဖြည်​တာ​ပဲ​ဖြစ်​ပါ​တယ်။
ဒါ​ပေ​မယ့် Lock ဖြစ်​နေ​တဲ့ ဖုန်း​ထဲ​ကို apk ဖိုင်​ကို ဘယ်​လို ထည့် Run မ​လဲ ???
PC ဒါ​မှ​မဟုတ် Laptop ကို​သုံး​ပြီး​တော့ Google Account နဲ့ Android Market ထဲ​ကို Log in ဝင်​ပြီး USB Cable ကို​သုံး​ပြီး ဖုန်း​ထဲ ထည့်​ရ​မှာ​ပါ … ပြီး​ရင် Restart ကျ​ပါ​မယ် … မ​ကျ​ရင် ကိုယ့်ဟာ​ကို ချ​လိုက်​ပါ … ပြန်​တက်​လာ​တဲ့​အခါ Pattern Lock ဖြည်​ပြီး​သား ဖြစ်​နေ​မှာ​ပါ …
အားလုံး​ပဲ အဆင်​ပြေ​ကြ​ပါ​စေ​ဗျာ …

Ref>>>http://myanmarplay.com/?p=4051
www.youtube.com/ မှာ​လည်း​လေ့​လာ​နိုင်​ပါ​တယ်
1.Made a call from my bros mobile .
2.then i clicked the end call button,then there will be small amount of time to go back to lock screen from call screen
3.in this time start clicking menu or home button on the phone.( better is to press end call and immediately start pressing home button,this will take to home scrren)
4.In your web browser from a computer change the password for your account.
5.make sure u have net connection for the mobile
6.now click the sync in mobile,and get back to lock screen and enter the new password

No comments:

Post a Comment