Search This Blog

Sunday, September 29, 2013

Official Firmware ပြန်တင်ရင် Step 2 မှာ Fail ဖြစ်ဖြစ်နေတတ်တဲ့ error
 
Huawei ဖုန်းတွေမှာ..............
Official Firmware ပြန်တင်ရင် Step 2 မှာ Fail ဖြစ်ဖြစ်နေတတ်တဲ့ error
 ဘာ Firmware ပြန်တင်တင် recovery ထဲပဲပြန်ပြန် ရောက်သွားတဲ့ error
 တွေကို ဒီလိုနည်းနဲ့ ရှင်းပါမယ်
လိုတာလေးတွေ အရင်ဒေါင်းလိုက်ကြ ရအောင်
--------------------------------------------------------------

-----------------------------------------------------------------------------------------
၁.page ကို သွားပါ ကိုယ်နဲ့သက်ဆိုင်ရာ window အလိုက် ဒေါင်းလုဒ်ချပါ
pc မှာ install လုပ်ပါ
၂. ကတော့ ကျွန်တော်ရေးထားတဲ့ Tool လေးပါ ဖြည်ချလိုက်ပါ
Huawei Firmware Extractor AND boot recovery flasher ဆိုတဲ့ ဖိုဒါလေး ရလာပါမယ်
Read this first ဆိုတာလေးပါ ပါတယ် ဖတ်ပေးပါ
ကိုယ်တင်မယ့် Firmware ရဲ့ dload ဖိုဒါအောက်က UPDATE.APP ဆိုတဲ့ ဖိုင်ကို
Huawei Firmware Extractor AND boot recovery flasher ဖိုဒါအောက်မှာ
ကျန်တဲ့ ဖိုင်တွေနဲ့ အတူတူ ထားပေးပါ ၊
အားလုံး အဆင်သင့် ဖြစ်ပီဆိုရင် 1.Mytool.bat ဆိုတာလေးကို Run လိုက်ပါ
  
*******************************************************
 *   You Can Extract boot image and recovery image     *
*         from some Huawei Stock Firmware             *
*           Thankyou for using this Tool              *
*                   Phyo Nyi Nyi                      *
*******************************************************
Place "UPDATE.APP" that you extracted from Stock Firmware
Check!! if you see "output" folder in main directory, delete it!!
after procsess , you will get boot.img and recovery.img
in main folder that you extracted
Select Your Device:
1) now extract boot and recovery
2) flash Stock boot and recovery
3) All in One
Exit) press " e " to close command-prompts
Make a choice:
-------------------------------------------------------------------
အထက်ပါ ပုံအတိုင်းတွေ့ရပါမယ် ၊ နံပါတ် ၁ ကိုရွေးပြီး  enter ခေါက်ပေးလိုက်တာနဲ့
သူဟာသူ ဆက်အလုပ်လုပ်သွားပါလိမ့်မယ် ၊
boot_recovery_Output ဆိုတဲ့ ဖိုဒါလေးပေါ်လာပြီး အဲဒီဖိုဒါအောက်မှာ
boot.img နဲ့
recovery.img ဆိုတဲ့ image ဖိုင်လေး နှစ်ဖိုင် ရလာပါမယ်
ဖုန်းကို fastboot mode ပို့ပီး PC နဲ့ ချိတ်လိုက်ပါ
နံပါတ် ၂ ကိုရွေးပြီး Enter ခေါက်ပေးပါ
သူဟာသူ ဆက်အလုပ်လုပ်သွားပါလိမ့်မယ် လုပ်ငန်းစဉ်ပြီးသွားရင်တော့
Stock Firmware ပြန်တင်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ
နံပါတ် ၃. ကတော့ All in one ပါ ၁ နဲ့ ၂ ကို တစ်ဆက်တည်း အလုပ်လုပ်ပေးသွားမှာပါ
စမ်းသပ်ပြီးသော မော်ဒယ်များ
C8825D
U8661Sonic+
U8818
U8825D
U9850D1

Android ဖုန်းအတွက် အင်တာနက်လိုင်းမြင့်ပေးမယ့် Internet Booster 1.4





Download - Internet Booster 1.4_5.apk

ဖုန်းအင်တာနက်လိုင်းကို 3G H.Speed မြင့်ပေးတယ့် ဆော့ဝဲလေးပါ




Download - Speed up 3GWCDMA .network-1.apk

Mobile Speed Up Apk v1.0 328KB

အင်တာနက် ကွန်နက်ရှင်နှေးနေတဲ့ သူငယ်ချင်းတွေအတွက် အထောက်ကူပြုမယ် ဆောစ့်ဝဲလ်လေးပါ
အင်တာနက်သုံးရင် ဟိုကျန်ဒီကကျန်တွေကို ရှင်းပေးတာ ပုံမှန်သုံးနေကျထက်တော့ ပိုမြန်တာလာပါတယ်
မားကတ်ထဲမှာလည်း အသုံးပြုသူတွေ ပြောကြားချက်ရ တကယ်လည်း ပုံမှန်ထက်ပိုအောင် 
အထောက်ပံ့ပေးတဲ့ ဆောစ့်ဝဲလ်လေးပါဘဲ 
သူငယ်ချင်းတွေ အသုံးပြုချက်အရလည်း ပိုမြန်လာတယ်လို့ တုန့်ပြန်ပေးကျပါတယ် 
ကွန်နက်ရှင်ကျတဲ့ သူငယ်ချင်းတို့လည်း စမ်းသုံးကြည့်နိုင်ပါတယ်
လုံးဝကြီးမြန်လာတာတော့မဟုတ်ပါဘူး သုံးနေကျထက်တော့ ပိုမြန်လာပါတယ်
အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>dropbox (or)http://d-h.st/ (or)zippyshare

ဖုန်းနဲ့ အင်တာနက် သုံးသူတွေအတွက် Wifi ဖွင့်ပြီး ကွန်ပျုတာသို့ ခွဲချိတ်နည်း



ဒီနည်းကတော့ ဖုန်းက အင်တာနက်လိုင်းကို ကွန်ပျုတာမှာ ချိတ်ပီးသုံးမယ့်စနစ်ပါ

ဖုန်းမှာ ၀ိုင်ဖိုင်စနစ်ပါရမှာ ဖြစ်သလို ကွန်ပျုတာကလည်း ၀ိုင်ဖိုင်စနစ်ပါမှရပါတယ်

အဲ့လိုဆိုရင်  စချိတ်လို့ ဖို့ အတွက်   ဖုန်းမှာ   အင်တာနက်လိုင်း  ဖွင့်ထားရပါမယ်

ဖုန်းမှာ ချက်တင်လုပ်ရင်း ကွန်ပျုတာကိုလည်း ခွဲသုံးတဲ့သဘောတရား တစ်ခုပါပဲ။

အောက်က နည်းအတိုင်းလိုက်လုပ်ပါ ....။


Seting ==>Wireless and networks ကိုဝင်ပါ

- Tethering and porable hospot ကိုဆက်ပြီးဝင်ပါ

- Portable Wi-Fi hospot ကို အမှန်ချစ်လိုက်ရင် ရပါပီ


ဒါဆိုရင် ဖုန်းက ၀ိုင်ဖိုင်စပြီးလွှင့်နေပါပြီ ။ ကွန်ပျုတာမှာပေါ်နေပါလိမ့်မယ် ။ ဒီလိုဆို

ချိတ်လို့ ရပါပြီ ။ ဖုန်းမှာလည်း  ချက်တင်လုပ်နေလို့ ရပါတယ် ။ကွန်ပျုတာမှာလည်း

သုံးလို့ ရပါပြီ ဒီနည်းက Galaxy ဖုန်းတွေမှာ ချိတ်နည်းအတူတူပါပဲ ။ဆင်မပြေပါက

မေးပို့ ပီး မေးမြန်းနိုင်ပါတယ်။ကွန်ပျုတာက လိုင်းကို ပြန်ခွဲနည်း လာမည် ကြာမည်

မြန်မာပြည်က ဖုန်းနဲ့ သုံးသူများ လက်တော့နဲ့ ချိတ်ကြည့်ပါ အဆင်ပြေပါ၏.......။

iPhone,iPad အတွက်မြန်မာ ကီးဘုတ်...


                     မနေ့ က MoeSeth ဆီကနေ invitation message ပို့လာတာကို စရပါတယ်။ သူ develop လုပ်ထားတဲ့ App တစ်ခု စပြီး lunch လုပ်တဲ့ အကြောင်းနဲ့ promo code တစ်ခု ပို့ပေးလိုက်တာပါ။ App နာမည်က MMKeyboard လို့ခေါ်ပြီး Universal App ဖြစ်တာမို့ iPhone, iPod touch သာမကပဲ iPad မှာ ပါအလုပ်လုပ်ပါတယ်။ အရင်က ကိုစေတန် develop လုပ်ထားတဲ့ Myanmar ZawGyi Keyboard ရှိပေမယ့် jailbreak လုပ်မှရတာရယ် iPad မှာ မရတာကြောင့် အခက်အခဲရှိခဲ့ ပါတယ်။ အခုကတော့ တရားဝင် App Store world wide ကရောင်းတာဖြစ်လို့ jailbreak လုပ်စရာမလို သလို iPad မှာပါ ရပါပြီ။


MMKeyboard ကို မနေ့က 15 ရက် November ကစပြီး App Store မှာစဖြန့်ပါတယ်။ wOOty Lab ကနေလုပ်တယ်လို့ Splash screen မှာတွေ့ရပါတယ်။ ရောင်းဈေးက 0.99$ (1 US$) နဲ့ ရောင်းပါတယ်။ မြန်မာစာ keyboard ဖြစ်ပြီး ဇော်ဂျီဖောင့်ကို အသုံးပြုထားပါတယ်။ လက်ကွက်များက desktop keyboard အတိုင်းဖြစ်လို့ မြန်မာစာရိုက်တတ်သူတိုင်း 1 မိနစ်လောက်အတွင်း အကျွမ်းတဝင်ဖြစ်သွားမှာပါ။ jailbreak လုပ်စရာမလိုတဲ့အပြင် အခြား mail, facebook app တွေက မမြင်ရတဲ့ မြန်မာစာကိုပါ copy ကူးပြီး ဒီ MMKeyboard app ထဲမှာ paste လုပ်ပြီး ဖတ်နို်ပါတယ်။ အရင်ကဆို ကျွန်တော် မြန်မာစာဖတ်ချင်ရင် copy ကူးပြီး font embed လုပ်ထားတဲ့ ကျွန်တော့ blog comment form မှာ paste လုပ်ကြည့် ယူရပါတယ်။ ဒါမှမဟုတ် offline မှာဆို ကိုထွန်းသူရသက်ုလုပ်ထားတဲ့ iMyanmar App က browser URL ဘားမှာ paste လုပ်ဖတ်ရတာပါ အခုကတော့ အဆင်ပြေသွားတဲ့ အပြင်စာပိုဒ် အရှည်တွေပါအလွယ်တကူ ဖတ်လို့ရသွားပါတယ်။


လက်ရှိမှာ version 1.0 ဖြစ်ပြီး လိုအပ်ချက်တစ်ခိျု့ရှိပါသေးတယ်။ နောက် version update တွေကျရင်တော့ update လုပ်ပြီးပြင်သွားမှာပါ။ လက်ရှိမှာ မြန်မာ ဂဏန်းတွေရေးလို့ မရသေးပါဘူး၊ နောက်အခြား မြန်မာစာ နှစ်ထပ်ဆင့်တွေ မရသေးပါဘူး။ keyboard typing sound သံက noise သံပါနေပြီး စာရိုက်တာမြန်ရင် interactive မဖြစ်တော့ပါဘူး။နောက်တစ်ခုက iPod music player ဖွင့်ထားပြီး စာရိုက်မယ်ဆို app ထဲဝင်ပြီး မြန်မာစာရိုက်လိုက်တာနဲ့ သီချင်းပိတ်သွားမှာပါ။ မဖြစ်ချင်ရင် app စဝင်ကတည်းက setting မှာ sound off လုပ်ထားရပါမယ်။ နောက်မြန်မာစာရိုက်နေတုန်း မှားလို့  backspace ဖျက်ချင်ရင်ဖြစ်ဖြစ်၊ နောက် တစ်ပိုဒ် enter ဆင်းချင်ရင် English keyboard ကို ပြန်ပြောင်းယူရတာ နဲနဲခက်ပါတယ်။ app က resume (Multitasking ready) မဖြစ်သေးတဲ့ အတွက် ဖုန်းဝင်လာလို့ ဖြစ်စေ၊ ထွက်ပြီးပြန်ဝင်ရင် နဂို ရိုက်လက်စ စာတွေပျောက်ကုန်ပါတယ်။ Setting ထဲက sound off ကလဲ save မလုပ်သေးပါဘူး။ စာနဲနဲရိုက် ပြီးတိုင်း copy လုပ်ပြီး back up ယူထားသင့်ပါတယ်။ နောက် update မှာပြင်ပြီးသား ဖြစ်သွားမှာပါ။


MMKeyboard မှာ ရိက်ပြီးသားစာကို in app email ပို့လို့ရတာတော်တော် အသုံးဝင်ပါတယ်။ နောက်ဒီ app နဲ့ပဲ အလုပ်သွားရင်း ရထားပေါ်မှာ ဖြစ်ဖြစ် သတင်းတွေ၊ facebook, email messages တွေဖတ်လို့ ရသလို reply ပြန်လို့ ရနိုင်ပါတယ်။ WordPress app တွေနဲ့ mobile blogging လုပ်လို့ ရလာနိုင်ပါတယ်၊ အခုတောင်စာကို ကျွန်တော် MMKeyboard သုံးပြီး iPad မှာ ရေးထားတာပါ။ MMKeyboard ဟာ မြန်မာစာဖတ်လိုသူတွေ ရေးလိုသူတွေ အတွက် ဝယ်ထားသင့်တဲ့ app တစ်ခုဖြစ်တယ်လို့ ညွှန်းပါရစေ။ ကျေးဇူးပါ။

Post Credit to; ကိုထူးတေဇာရဲ့  Blog ကနေပြီး မြန်မာစာရိုက်ဖို့  မျှော်လင့်နေကြတဲ့ ပရိတ်သတ် အတွက် တစ်ဆင့်ပြန်လည် မျှဝေဖော်ပြပေးတာပါ...

မှုရင်းပိုစ့် ဖတ်ချင်ရင် ဒီမှာ သွားဖတ်နိုင်ကြပါတယ်...

iPhone အတွက် MM unicode font ရပြီ

မြန်မာဖောင့်တွေကို iDevice တွေပေါ်မှာ ဖတ်ရှုရန် ရေးသာရန် အစဉ်ကြိုးပန်းပေးနေသော ကိုစေတန် ကအခုလဲ MM unicode ကို iOS တွေပေါ်မှာ သုံးလို့ ရအောင် ရေးသားပေးလိုက်ပြန်ပါပြီ...
ဒီ MM unicode ကိုနိုင်ငံတစ်ကာ ကလက်ခံပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့  မြန်မာတွေအတွက် စံတစ်ခုရပြီပေါ့ဗျာ
ကျွန်တော်လဲ MM unicode စပေါ်ကထဲက ကျွန်တော့် Site ကို unicode font ပြောင်းပြီးရေးချင်ပေမယ့် ဇော်ဂျီလက်ကွက် က ကျွန်တော့ အတွက် ကျင့်သားရနေတာရယ် နေတာရယ်၊ စာဖတ်မိတ်ဆွေ တော်တော်များများမှာလဲ ဇော်ဂျီက ပိုအဆင်ပြေနေတာရယ် iOS အတွက် MM unicode font မရသေးတာရယ်ကြောင့် ကျွန်တော် မပြောင်းဖြစ်ခဲ့တာပါ။

ဒါပေမယ့် သိပ်မကြာခင်နောက်ပိုင်းမှာ ကျွန်တော် Site ကို MM unicode ပြောင်းတော့မှာ ဖြစ်ပါကြောင်း ကြိုတင်အသိပေး ပါရစေ။

ကိုစေတန်ရေးထားတဲ့ iOS အတွက် MM unicode ထည့်သွင်းနည်းကို ကျွန်တော် ဒီမှာ မတင်ပြပေးတော့ပါဘူး ကိုစေတန်ကို လေးစားတဲ့ အနေနဲ့  မိတ်ဆွေမှာ ကိုယ်တိုင် "Saturngod" မှာဝင်ရောက်ဖတ်ကြည့်စေချင်ပါတယ်။

MM unicode နဲ့ ပက်သက်သော Link များကိုလည်း အောက်မှာ တစ်ပါတည်းညွှန်ပေးလိုက်ပါရစေ..
အောက်ပါ link များကို "အိမ်မက်ရှင်" ထံမှ တစ်ဆင့်ဝေမျှလိုက်ရပါတယ်..

www.myanmarlanguage.org

Myanmar unicode rules table

Keyman-Myanmar3 Keyboard Download


Download and installing myanmar unicode

PC ကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်မယ်

မင်္ဂလာပါ.. မိမိ ကွန်ပျူတာကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်ချင်သူများအတွက် ဖိုင်ဆိုက်အသေးဆုံး (116KB) နဲ့ လိုင်စင်အတွက် စိတ်မညစ်ရပဲ အမြဲအသုံးပြုနိုင်မယ့် VirtualRouterPlus 2.3.0 ကို မျှဝေပေးလိုက်ပါတယ်... Download မှရလာတဲ့ VirtualRouterPlus 2.3.0 Folder လေးကို Local Disk C အောက်မှာ ထည့်ထားပြီး Folder ထဲမှ VirtualRouterPlus Icon လေးကို Right Click >>> Send To >>> Desktop လုပ်ပြီး ဖွင့် မိမိအသုံးပြုလိုတဲ့ Password ထည့်ပြီး WiFi ပြန်လွှင့်ပေးနိုင်ပါတယ်... 
 အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>>Direct Download (or)dropbox(or)zippyshare
 
Download ကို နှိပ်လိုက်လျှင် ပွင့်လာသောဆိုက်၏ ညာဘက်အပေါ်ဒေါင့်တွင် 
Please wait 5 seconds ဆိုတာပေါ်လာပြီး အချိန်ပြည့်ပါက
SKIP AD ကိုရောက်သွားပါမည် SKIP AD ကို ထပ်ပ်လိုက်လျှင်
Download လင့်ကို ရောက်ပါမည်။ 
 
Ref>>>http://www.pyayblogger.com/2013/06/pc-wifi.html
What is Virtual Wifi Hotspot?

Virtual Wifi Hotspot is a free, open source software based router for PCs running Windows 7, Windows 8, Windows Server 2008 R2 and Windows Server 2012. Using Virtual Wifi Hotspot, users can wirelessly share any internet connection (Wifi, LAN, Cable Modem, Dial-up, Cellular, etc.) with any Wifi device (Laptop, Smart Phone, iPod Touch, iPhone, Android Phone, Zune, Netbook, wireless printer, etc.) These devices connect to Virtual Wifi Hotspot just like any other access point, and the connection is completely secured using WPA2 (the most secure wireless encryption.)
Improvements from Virtual Router

    Works on Windows 8 and Windows 2012
        Solved the problem of "Virtual router could not be started"
    No installation needed
    Do not start background service so anything is under your control

Huawei U8661 firmware ပြန်တင်ခြင်း နှင် Root လုပ်နည်း

 

Huawei U8661 Sonic Plus Firmware



  • U8661 V100R001C17B819SP01
  • U8661 (Android 2.3) V100R001C17B827(China Unicom)(05010VVE)
  • လိုအပ်သော အထက် ဖော်ပြ ဖိုင် တစ်ဖိုင် ကို ဒေါင်းပါ။
  • ရရှိလာသောဇစ်ဖိုင် ကို ဖြည်ကာ dload file ကို sd card တွင်ထည့်ပါ။
  • vol+ + vol- + power button ကို တပြိုင်နက် နှိပ်ထားပါ။
  • firmware update သူ့ အလိုလို  လုပ်သွားပါလိမ့်မယ်။ SD ကတ်မကောင်းလျှင် ဒေါင်းလုတ်ထားသော ဖိုင် မပြည့်စုံလျှင် အလုပ် မဖြစ်ပါ။
  • SD card ကို format ရိုက်ပါ။ dload file ကို ထည့် ပြီး check disk လုပ်ပါ။ ကျွန်တော် မောင်ဖိုးကောင်း တစ်ညလုံး မိုးလင်းခဲ့ရပါသည်။ SD Card ဒုက္ခပေးသောကြောင့် ဖြစ်ပါသည်။

Huawei U8661 Android Version 2.3 Root လုပ်နည်း

  ပါ

အဆင့် (၁) မိမိ၏ဖုန်းတွင်းမှ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။

အဆင့် (၂) Download ရယူထားသော U8661 Root Tool မှ Super Root မှ install-superrecovery-windows ကိုဖွင့်ပါ။ cmd box တွင် waiting for device ပေါ်လာပါမည်။

အဆင့် (၃) မိမိ၏ဖုန်းကို ပါဝါပိတ်၍ ဓာတ်ခဲဖြုတ်ပါ။ ၁၀စက္ကန့်လောက်အကြာတွင် ဓာတ်ခဲပြန်တပ်ပါ။

အဆင့် (၄) Vol down + Power ခလုပ်ကိုတွဲနှိပ်ပါ။ထိုအခါဖုန်းတွင် boot log နှင့်ရပ်နေပါမည်။

အဆင့် (၅) Phone နှင့် computer ကို usb ကြိုးနှင့် ဆက်သွယ်လိုက်သောအခါ cmd box စတင်အလုပ်ပါမည်။၁၀စက္ကန့်လောက်စောင့်၍ usb ကြိုးဖြုတ်ပြီး ဖုန်းဘက်ထရီကိုဖြုတ်ပါ။

အဆင့် (၆) ဖုန်းကိုဘက်ထရီပြန်တပ်၍ vol up + Power ကို ၁၀စက္ကန့်လောက်တွဲနှိပ်ပါ။Recover Mode တက်လာပါမည်။စက်ရုပ်ကလေးပလက်လန်းလဲသွားလျှင် power ခလုပ်ကို နှိပ်၍ reboot လုပ်ပါ။ ပါဝါပြန်တက်လာတဲ့အခါမှာ(supersu)ကိုတွေ့ရမှာဖြစ်ပါတယ်။ root လုပ်ခြင်းပြီးဆုံးသွားပါပြီ။

Live TV HD ( Astro မှ လွင့်သော လိုင်းပေါင်း ၁၀၀ ကျော်ကို Andriod ဖုန်းတွင် ကြည့်နိုင်ပါပြီ )

ဒီနေ့ သူငယ်ချင်းများကို Andriod ဆောဝဲတခုနဲ့ မိတ်ဆက်ပါတယ်။ Live TV ဆောဝဲလေးပါ။ အင်တာနက် လေး ရှိရုံလေးနဲ့ Astro မှ လိုင်းပေါင်း ၁၀၀ ကျော်ကို အဆင်ပြေပြေနဲ့ ကြည့်နိုင်ပါတယ်။ အနိမ့်ဆုံး 3G လိုင်းလောက်မှ အဆင်ပြေမှာပါ။ လိုင်းတွေကတော့ တော်တော်လေး စုံပါတယ်။ ဘော်လုံးပွဲ ၀ါဒနာပါသမားတွေ လည်း အဆင်ပြေပါတယ် ။
နာမည်ကြီး လူကြိုက်များသော လိုင်းတွေဖြစ်တဲ့ HBO, AXN, Star Movies, ZEE, Discovery, Support, အစရှိတဲ့ လိုင်း Channel တွေအပြင် နိုင်ငံပေါင်းစုံက လိုင်းတွေလည်း ကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်။ အခု လက်ရှိကျနော် သုံးနေတဲ့ App လေးဖြစ်ပါတယ်။ Error တတ်ခြင်း ၉၀ ရာခိုင်နှုန်း မရှိပါ။ အဆင်ပြေပြေနဲ့ ကြည့်နိုင်ပါမည်။
ဝမ်းနည်းစွာဖြင့် နိုင်ငံပေါင်းစုံအတွင်းမှ မြန်မာနိုင်ငံ မရပါဗျာ ။ မြန်မာလိုင်း ကြည့်ချင်ရင်တော့ ဒီလင့်မှာ ၀င်ယူလိုက်ပါ။ MRTV နဲ့ မြ၀တီ(MWD) နှစ်လိုင်းရပါတယ်။ အခုတင်ပေးလိုက်တဲ့ Live TV HD ကတော့ Andriod Version 2.2 အထက်တွေမှာ အဆင်ပြေပါတယ်။ စိတ်ဝင်စားရင်တော့ အောက်ကလင့်မှာ စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ ဗျာ။


 App Screenshoots


 အားလုံးအဆင်ပြေပါစေ.......။

edjing PE - Turntables DJ Mix v1.3.1 Apk 18MB

 edjing PRO DJ mixer turntables  အသုံးပြုတဲ့ သူငယ်ချင်းတွေ အတွက် Update လေးပါ
Android Phone ပေါ်မှာ DJ Mixing လုပ်ခြင်တဲ့သူတွေအတွက် 
edjing PRO DJ mixer turntables လေးကိုသုံးကြည့်လိုက်ပါ။
့Effect လေးတွေလဲတော်တော်လေးစုံပါတယ်။မိမိ Mixing လုပ်ထားတာတွေကို Recordingလုပ်ထားလို့ရတဲ့အပြင် Facebook& Twitter စတာတွေဆီကိုပြန် Share လုပ်ပေးနိုင်ပါသေးတယ်။
သူ့ကိုအသုံးပြုဖို့အတွက်မိမိဖုန်းရဲ့စကရင် ဟာအနည်းဆုံး 3.7” လက်မ ရှိရပါမယ်။
ပြီးတော့ဖုန်းဗားရှင်းက Android;4.0+ နှင့်အထက်ဖြစ်ရပါမယ်။
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreatortarr (or)zippyshare