Search This Blog

Monday, September 30, 2013

iPhone Myanmar English Dictionary


iPhone အတွက် မြန်မာ - အင်္ဂလိပ် အဘိ​ဓါ​န်​လေး​ပါ​ခင်ဗျား။ iPhone ကို​နှစ်သက်​စွာ အသုံးပြု​နေ​ကြ​တဲ့ ကျွန်​တော့် မိတ်ဆွေ​များ​အတွက် အလွန် အဖိုးတန်​တဲ့ App လေး​တစ်​ခု လမ်း​ညွှန်​ပေး​ချင်​ပါ​တယ်... WeDictPro ဆို​တဲ့ (Myanmar - English - Myanmar) Dictionary လေး​ကို iPhone မှာ မြန်မာ​ဖော​င့် အသုံးပြု​နိုင်​အောင် ကြိုးပမ်း​ကြ​သူ​များ​က​ပဲ တင်​ဆက်​ထား​ပါ​တယ်။ OS4 ထက်​နိမ့်​တဲ့ Firmware တွေ​မှာ​ဆို​ရင်​တော့ မြန်မာ Keyboard အလုပ်​လုပ်​နိုင်​တဲ့​အတွက် Eng --> Myan --> Eng အ​ပြည့်​ဝ ရှာဖွေ အသုံးပြု​လို့​ရ​ပါ​တယ်....


OS4 သုံး​နေ​သူ​များ အတွက်​တော့ Eng --> Myan တစ်​မျိုး​ထဲ​သာ ယာယီ​အား​ဖြင့် အသုံးပြု​နိုင်​ပြီး ပညာ​ရှင်​များ က Keyboard အတွက်​ပြင်ဆင်​ပြီး​ခဲ့​ရင်​တော့ အ​ပြည့်​အဝ ပြန်လည် သုံး​လို့​ရ​သွား​နိုင်​ပါ​တယ်....

သတိပြု​ရန်
iOS4/4.0.1 တွေ​မှာ မြန်မာ keyboard အလုပ်​မ​လုပ်​သေး​ပေ​မယ့် OS အဟောင်း​တွေ​တုန်း​က​လို မြန်မာ​ဖော​င့်​သွင်း​နည်း အတိုင်း ဆက်လက်​ဆောင်ရွက်​ကြ​ပါ သို့မဟုတ်​ပါ​က မြန်မာ​လိုဖတ်​လို့​မ​ရ​နိုင်​ပါ။ (မြန်မာ​ဖော​င့်​သွင်း​နည်း ဒီ​မှာ ဖတ်​ရန်)

WeDictPro ကို Install လုပ်​ကြ​ရအောင်

1) သင့် iPhone သည် jailbreak ဖြစ်​ပြီး​သား ဖြစ်​ရန်လို​အပ်​ပါ​တယ်(jailbreak လုပ်​ရန် ဒီ​မှာ ဖတ်)

2) Download App HERE!!!

3) Download ဆွဲ​ပြီး​သား App file ကို သင့် iTune မှ​တစ်​ဆင့် Apps Section ထဲ​သို့​သွင်း​ယူ​ပါ


(i) iTune မှ Apps Section ကို ဖွင့်​ပါ


(ii) File --> Add File to Library Ctrl+O --> ဖိုင်​လမ်းကြောင်း​ရှာ App ထည့်​ပါ


(iii) အောက်​ပါ​ပုံ အတိုင်း App သည် Section ထဲ​ရောက်​ပြီ​ဆို​ရင် တော့ သင့် iPhone ကို PC နဲ​ ့​ချိပ်​ဆက်​ပြီး iTune နှင့် Synge လုပ်​ပေးလိုက်​ပါ....


WeDictPro အသုံးပြု​ပုံ







ဒီ​လောက်​ဆို​ရင် အဆင်​ပြေ​ကြ​လိမ့်​မယ်​လို့​မျှော်လင့်​ပါ​တယ်...

သတိပေးချက်
WeDictPro အသစ်​ထွက်​နေ​ပါ​ပြီ upgrade မ​လုပ်​မိ​ပါ​စေ​နှင့် အသစ်​တွေ​ပါလာ​ပေ​မယ့် မြန်မာ​အဘိ​ဓါ​န် အတွက် မ​ရ​နိုင်​သေး​လို့​ပါ..

WeDictPro ရဲ့​ပုံစံ​သစ်


 

ရေး​သူ။ မိုး​သိကြား

Ref : http://burmaitshare.blogspot.com/

No comments:

Post a Comment