CDMA 800 MHz for Internet Setting + Dial-up Software
ကျွန်တော်ဒီနေ့တော့အခုထွက်နေတဲ့ CDMA 800 MHz နဲ့အင်တာနက်သုံးဖို့အတွတ်ဘယ်လိုပြင်ကြမလဲဆို
တာကိုပိုဒ့်လေးတစ်ခုအနေနဲ့ပြန်ရှယ်ပေးပါမယ်ခင်ဗျာ....။ကျွန်တော်ကိုယ်တိုင်ပိုဒ့်လေးတစ်ခုအနေနဲ့ပြန်ပြီးတင်
မပေးနိုင်တာကိုတော့တောင်းပန်ပါတယ်ခင်ဗျာ...။CDMA 800 MHz နဲ့ပါတ်သတ်ပြီးတော့ကျွန်တော့ရဲ့
လက်ရှိအခြေအနေနဲ့ကလက်တွေ့လေ့လာဖို့ခက်နေတဲ့အတွက်ပါ။ကျွန်တော်Dial-up ဆော့ဝဲလ်လေးကိုအကိုတစ်
ယောက်ကလဲတောင်းထားလို့ရှာပေး၇င်းနဲ့လိုအပ်တဲ့သူတွေရှိ၇င်လဲသုံးလို့၇အောင်တင်ပေးလိုက်ပါတယ်ခင်ဗျာ
လိုအပ်တာများရှိ၇င် Comment ပေးခဲ့ပြီးဖြစ်စေ....မေးသို့ဖြစ်စေတောင်းဆိုနိုင်ပါတယ်ခင်ဗျာ...။
CDMA 800 ဖုန်းတွေနဲ့ အင်တာနက်ဘယ်လိုသုံးမလဲ
CDMA
800 Mhz ဖုန်းတွေမှာ အင်တာနက် အသုံးပြုနိုင်လာတဲ့အတွက် Online ကို
တိုက်ရိုက် အသုံးချသူများ၊ ဆက်စပ်မှု ရှိသူများအနေနဲ့
အချိန်ပေးပြီး အင်တာနက်ဆိုင်သွားစရာမလိုတော့ပဲ
အိမ်မှာရှိတဲ့ Laptop/Desktop နဲ့ အခြား အင်တာနက်အသုံးပြုနိုင်တဲ့
MID လို့ခေါ်တဲ့ Mobile Device လေးတွေနဲ့ မိမိ ရုံးနဲ့အိမ်
မှာရှိတဲ့ Computer မှာ အင်တာနက်ကို ချိန်ဆက်
အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေအနေနဲ့ကတော့ အချိန်
အပိုမကုန်ပဲ ထိုင်ရာမထ အိမ်ကနေ အင်တာနက် သုံးနိုင်မှာ
ဖြစ်သလို လမ်းပေါ်မှာ ရောက်ရှိနေချိန်တွေမှာလည်း မိမိ
ဖုန်းကတစ်ဆင့် Email စစ်ခြင်း အခြားသော သတင်းအချက်အလက်များ
ကြည့်ရှုခြင်းကို သီးသန့် အချိန်ပေးစရာမလိုပဲ
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
CDMA 800 Mhz တွေအတွက် လွယ်ကူအဆင်ပြေစွာ သုံးနိုင်တဲ့ Handset မျိုးစုံရှိပါတယ်။
အင်
တာနက် အသုံးပြုတော့မယ်ဆိုရင်တော့ Handset ကို ရွေးချယ်ဝယ်ယူမှသာ
အဆင်ပြေပါလိမ့်မယ်။ အင်တာနက် အသုံးပြုလို့တဲ့ Handset နဲ့
အင်တာနက် သုံးလို့မရတဲ့ Handset တွေကိုမေးမြန်းစုံစမ်းပြီး
သေချာမှုရှိမှသာဝယ်ယူသင့်ပါတယ်။ အင်တာနက်
အသုံးပြုလို့ရတယ်ဆိုခဲ့ရင်တောင်မှ အင်တာနက်
အသုံးပြုနေစဉ်အတွင်း ဖုန်းခေါ်ဆိုဆက်သွယ်မှုနှင့်
လက်ခံနိုင်စွမ်းရှိတဲ့ Handset မဟုတ်ခဲ့ရင် ဖုန်းပြောလိုက်ရင်
အင်တာနက်လိုင်း ပျက်တောက်သွားနိုင်တာမျိုးလဲ
ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ဆုံး မိမိ အိမ်သုံး Computer တွေနဲ့
ချိတ်ဆက်ပြီး အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ Handset က
Moden အနေနဲ့ပါ အလုပ်လုပ်နိုင်ဖို့လိုပါတယ်။ အကယ်၍ ကိုယ့်မှာ
Handset ကတော့ ဝယ်ယူပြီးသားဖြစ်နေပြီး ကွန်ပျူတာနဲ့ ချိတ်ဆက် ပြီး
Moden အနေနဲ့ သုံးလို့မရတဲ့ အမျိုးအစား ဖြစ်နေတယ်ဆိုရင် CDMA
800 Mhz အတွက် USB နဲ့ အသုံးပြုနိုင်တဲ့ Moden တွေကို ဝယ်ယူ
အသုံးပြုနိုင်ပါတယ်။ USB Moden နဲ့ အသုံးပြုနေစဉ်မှာတော့ Moden
ပေါ်မူတည်ပြီး ဖုန်းအဝင် သိရှိခြင်း လက်ခံခြင်းတို့
ပြုလုပ်နိုင်မှာဖြစ်ပေမယ့် မရတဲ့ Moden ကများပါတယ်။
အတိုချုံးပြောရရင်တော့ CDMA 800 Mhz Handset ဝယ်ယူမယ်ဆိုရင်
အင်တာနက် သုံးလို့ရမရ
အင်တာနက် အသုံးပြုစဉ် ဖုန်းဆက်သွယ်မှု ပြုလုပ်၍ ရမရ
ဖုန်းကို Moden အဖြစ် ကွန်ပျုတာနှင့် ချိတ်ဆက် အသုံးပြု၍ရမရ
မေးမြန်းစုံစမ်းပြီး ဝယ်ယူသင့်ပါတယ်။
အခု
လက်ရှိ ဈေးကွက်မှာ လွယ်ကူစွာ ဝယ်ယူရရှိနိုင်တဲ့ Huawei c5900 နဲ့
Android OS သုံးထားတဲ့ Huawei c8600 တွေနဲ့ ချိတ်ဆက်နည်း
အသုံးပြုနည်းများကို ရေးသားပေးပါ့မယ်။ ကျန်တဲ့ android
ဖုန်းတွေအတွက် c8600 ကိုနမူနာထားပြီး ထည့်သွင်းနိုင်သလို
အခြားဖုန်းများအတွက် c5900 ကိုနမူနာထားပြီး
ထည့်သွင်းနိုင်ပါတယ်။
Huawei c5900 မှာ အင်တာနက်ချိတ်ဆက်ခြင်း
ဖုန်းရဲ့ Menu ကိုနှိပ်ပါ။
esurfing ကိုနှိပ်ပါ။ icon တွေရဲ့ အလယ်လောက်မှာ ရှိပါတယ်။
WAP ကို နှိပ်ပါ။
Option ကိုထပ်ပြီး ဝင်ပေးပါ။ Option အောက်က Setting ကိုရွေးချယ်ပေးပါ။
Proxy ထည့်သွင်းဖို့အတွက် Proxy Setting ထည့်ပေးရပါမယ်။
Use proxy ကိုရွေးပေးပါ။ ပြီးရင် Setting အောက်မှာ Proxy Server ကို ရွေးပေးပါ။
custom1 ကိုရွေးပါ။ ဒါမှမဟုတ် အသစ်တစ်ခုဆောက်ပါ။
Address မှာ 192.168.50.16 နဲ့ Port မှာ 8080 ထည့်ပေးပါ။
User
Name မှာ yourname@c800.mm ထည့်ပေးပါ။ yourname နေရာမှာ
ကိုယ့်စိတ်ကြိုက် User Name ထည့်ပါ။ နောက်ကတော့ @c800.mm
ဖြစ်ရပါမယ်။
Password မှာတော့ စိတ်ကြိုက် password ထည့်ပေးပါ။
PPP Number မှာ #777 ထည့်ပေးပါ။
Use HTTP/1.1 ကို ရွေးချယ်ပေးပါ။
ပြီးရင်တော့ အင်တာနက် အသုံးပြုလို့ရပါပြီ။
Huawei c8600 Android
ဖုန်းမှာ ထည့်သွင်းနည်းကို ကြည့်ပြီး အခြား Android နဲ့ ထည့်သွင်းနိုင်ပါတယ်။
Home ကနေ Menu ကိုနှိပ်ပါ။ Setting ကိုဝင်ပါ။
Wireless ကိုရွေးချယ်ပါ။
အောက်ဆုံးမှာ ရှိတဲ့ Mobile Networks ကိုရွေးချယ်ပါ။
Access Point Name ရှိပါတယ် ရွေးပေးပါ။
New APN ကိုရွေးချယ်ပါ။
Name ကိုမိမိနှစ်သက်ရာ နာမည်ပေးပါ။ ကျွန်တော်ကတော့ မှတ်မိလွယ်ရန်အတွက် cdma800 လို့ပေးထားပါတယ်။
APN မှာ #777 ကိုထည့်ပေးပါ။
User Name မှာ စိတ်ကြိုက်အမည်နောက်က @c800.mm လို့ရွေးပေးပါ။ ဥပမာ kokoye2007@c800mm.com
Password မှာ စိ်တ်ကြိုက် Password ပေးပါ။
Proxy မှာ 192.168.50.16 ထည့်သွင်းပေးပါ။
Port မှာ 8080 ထည့်ပေးပါ။
ပြီးရင် မှန်မမှန် ပြန်လည်စီစစ်ပေးပါ။
Save ပြီးရင်တော့ APN ထဲမှာ cdma800 ဆိုပြီး ပေါ်နေပါပြီ။
အဲတာလေးကို ရွေးပေးပြီးရင် အင်တာနက်သုံးလို့ရပါပြီ။
ဖုန်းနဲ့ အင်တာနက်ချိတ်ဆက်မှုကို စမ်းသပ် အသုံးပြုပြီး အဆင်ပြေတယ်ဆိုရင်တော့
ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အသုံးပြုရအောင်
CDMA
800 Mhz Mobile ဖုန်းကို Moden အနေနဲ့သုံးပြီး
အင်တာနက်အသုံးပြုမယ်ဆိုရင် XP နဲ့ အထက် Windows 7 အထိ Support
လုပ်ပါတယ်။ ပထမဆုံး Driver ထည့်သွင်းရမှာဖြစ်ပါတယ်။
စက်ဝယ်စဉ်မှာ တပါတည်း ပါလာတဲ့ Driver and PcSuite ရှိပါတယ်။
နောက်ပြီး Dial ဆိုတဲ့ Software လေးကို ထည့်သွင်းပေးမယ်ဆိုရင်တော့
ပိုပြီး မြန်ဆန် လွယ်ကူမှာ ဖြစ်ပါတယ်။ Sim Card ထည့်သုံးရတဲ့ USB
Moden တွေကို သုံးမယ်ဆိုရင်လည်း ဒီအဆင့်တွေအတိုင်း
အသုံးပြုနိုင်ပါတယ်။
Driver နဲ့ Software တွေပါတဲ့အခွေကို CD-Rom ထဲကိုထည့်ပါ။
Driver နှင့် PC suite ကို ရွေးချယ်ပြီး Install ပြုလုပ်ပေးပါ။
ရွေးချယ်
ရာတွင် OS Version (windows XP / Windows 7) နှင့် bit (32bit / 64bit)
ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ကွန်ပျူတာ တော်တော်များများက 32bit
တွေပဲဖြစ်ပါတယ်။
Handset > Menu > Setting > Connectivity Setting > Phone Mode
(Handset
ကို moden အနေနဲ့ သုံးမှာဆိုရင် Handset ကို Moden Mode ထားပေးပါ။
Moden Mode မပါဝင်ပါက USB Storage Mode ကို Disable လုပ်ထားပေးပါ။)
Dial Up Software ထည့်သွင်းထားပါက Dialup Icon မှဝင်ပြီး ပြင်ဆင်ပေးရပါမည်။
အကယ်၍ Dialup Software ထည့်သွင်းထားခြင်းမရှိပါက
Netwrok ထဲမှတစ်ဆင့် Setup a new connection or network ကိုရွေးပါ။ Next ကိုနှိပ်ပါ။
Dial-up phone number တွင် #777 ကိုထည့်သွင်းပေးပါ။
User Name တွင် yourname@c800.mm ကိုထည့်သွင်းပေးပါ။
Password တွင် စိတ်ကြိုက် Password ထည့်ပေးပါ။
Remember this password ကိုရွေးချယ်ပေးထားပါ။
Connection Name တွင် CDMA 800 ထည့်ပေးထားခြင်းဖြင့် အခြား Dial-up setting များနှင့် ခွဲခြားသိမြင်နိုင်ပါမည်။
Allow
other people to use this connection ကိုရွေးချယ်ပေးပါက မည်သည့်
User Account ဖြင့် Login ဝင်သည်ဖြစ်စေ ဤ Dial-up Setting
ကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ထို့နောက် အသုံးပြုမည့် Browser တွင် No Proxy ပြောင်းထားပေးပါ။
Internet Explorer
Tools > Internet Option > Connection > တွင်
Dial-up and Virtual Private Network settings တွင်
CDMA
800 ကို အမှန်ချစ်ပြီး Dial whennever a network connection is not
present ကိုရွေးပါ။ ဒါမှ အခြား Network Cable နဲ့ Wifi တွေကို
မမိတော့တဲ့ အချိန်တွေမှာ Dial-up ကိုအသုံးပြုဖို့
ရွေးချယ်ပါလိမ့်မယ်။
Local Area Network (LAN) settings တွင်
LAN setting ကိုနှိပ်ပြီး Automatically detect settings တစ်ခုသာ အမှန်ချစ်ပြီး ကျန်သည့် အမှန်ချစ်များအား ဖြုတ်ပစ်ပါ။
Ok > Ok နှိပ်ပြီး ပိတ်လိုက်ပါ။
Mozilla Firefox
Tools > Options > Advanced > Network > Setting > NoProxy ကိုရွေးပေးပါ။
ဤ Setting များပြီးဆုံးပါက CDMA 800 EVDO ကိုအသုံးပြု၍ Computer တွင် အင်တာနက် အသုံးပြုနိုင်ပါပြီ။
အပေါ်
မှာပါတဲ့အတိုင်း အင်တာနက်တွေတော့ သုံးနိုင်ပါပြီ။ သို့သော်
ကိုယ်သုံးတာက ၁ နာရီ Bill ဆောင်ရတာက ၄~၅ နာရီစာ ဖြစ်နေပါတယ်။
အဲတာ ဘာကြောင့်လဲ။ အင်တာနက် အသုံးပြုပြီး ဒီတိုင်း Browser
ပိတ်ရုံ Close လိုက်ရုံနဲ့ Bill ကပိတ်မပိတ်သွားပဲ
ဆက်ပြီးတက်နေပါတယ်။ အဲတာကို သုံးပြီးရင် Bill မတက်အောင် Mobile
တွေမှာဆိုရင် အပေါ်ကနည်းတွေအတိုင်း APN တစ်ခုထပ်ပြီး
ပြုလုပ်ပေးပါ။
နာမည်ကို Disable လို့ပေးပါ
APN မှာ # တစ်ခုတည်း ထည့်ပေးပါ။
Proxy တွေ မထည့်ပေးပါနဲ့။
ပြီးရင်သိမ်းထားပေးပါ။
အင်
တာနက် မသုံးတဲ့အချိန်တိုင်း Disable APN ကိုရွေးထားပေးပါ။
ဒါဆိုရင် အသုံးမပြုတဲ့အချိန်အတွက် Bill မဆောင်ရတော့ပါဘူး။
Dail-up Softeare အသုံးပြုနည်း
Dial-up Softwer ကိုဘယ်လိုသုံး၇မယ်ဆိုတာကိုတော့အောက်မှာပုံလေးနဲ့ရှင်းပြပေးထားပါတယ်။
1.အ၇င်ဆုံး Dial-up Software လေးကို Install လုပ်လိုက်ပါ။ဒီကောင်လေးကို Install လုပ်ပြီးပြီဆို၇င် Destop
ပေါ်မှာ Dail-up Icon လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Icon လေးကို Double Click နှိပ်ပြီးဖွင့်လိုက်ပါ။
2.ဒါဆို၇င်အောက်မှာမြင်နေရဲ့ပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။Setting ကိုနှိပ်လိုက်ပါ။
3.အပေါ်ကပုံလေးအတိုင်းပေါ်လာပြီဆို၇င် New ကိုဆက်ပြီးနှိပ်လိုက်ပါ။ပြီး၇င်အောက်ပုံလေးအတိုင်း
Profile name နေရာမှာမိမိတို့ကြိုက်နှစ်သက်တဲ့နာမည်ကိုထည့်ပါ။Access number မှာတော့ #777 ကို
ထည့်ပါ။Username နေရာမှာတော့ naymin@c800.mm ကိုထည့်ပေးပါ။naymin နေရာမှာမိမိတို့ကြိုက်
တဲ့နာမည်ကိုထည့်လိုက်ပါ။ပြီး၇င် Password ပေးပါ။ပြီး၇င် Save ကိုနှိပ်ပါ။OK ကိုနှိပ်လိုက်ပါ။
4.ဒါဆို၇င်ကျွန်တော်တို့ Access Point နေရာမှာကျွန်တော်တို့ပေးထားတဲ့ Profile name ဝင်နေပါလိမ့်မယ်။
Connect ကိုနှိပ်လိုက်ပါ။ဒါဆို၇င်၇ပါပြီ။Dial-up Software လေးကိုတော့အောက်လင့်လေးမှာဒေါင်းလိုက်
ပါနော်။
အားလုံးပဲအဆင်ပြေကြပါစေ.........ကျေးဇူးတင်ပါတယ်ခင်ဗျာ......
No comments:
Post a Comment