Search This Blog

Tuesday, July 9, 2013

Android ဖုန်းတွေမှာ Custom Rom တင်နည်းများ

Android ဖုန်းတွေမှာ Custom Rom တင်နည်းများ


















U8950D Sony Xperia Rom
U8950D S3 Rom
U8950D CM 10 interface rom

ကဲပါဗျ  Rom လင့်လေးတွေပေးပြီး တင်နည်းမပြောပြလို့အားလုံးစိတ်ကွက်
နေကြပါဦးမယ် ဘာပဲဖြစ်ဖြစ်နည်းလမ်းကျအောင်ပို့စ်လေး တစ်ခုတော့ဖြစ်ညှစ်ရေး
လိုက်ပါ့မယ်ဗျာ Huawei phone တွေအတွက် rom တင်ဖို့လိုအပ်တာကတော့
CWM ခေါ် ရီကာဗာရီမုဒ်ပါပဲ ရီကာဗာရီမုဒ် ၀င်လို့မရလို့အော်နေကြသူများလည်း
သတိထားသင့်ပါတယ် Recovery mod မှာ Stock recovery နဲ့ကျွန်တော်တို့
တတွေဖုန်းတစ်လုံးကိုလုပ်ချင်သလိုလုပ်လို့ရအောင် အပြင်ကနေသွင်းတဲ့ Recovery
mod ဆိုပြီးရှိပါတယ် အခု Huawei U8950D ကိုအဓိကထားပြီးပြောပါ့မယ်

Huawei U8950D/C8950D ရီကာဗာရီဝင်ရန်

ဒေါင်းလို့ရလာတဲ့ ဆော့ဝဲကိုဇစ်ဖြည်ပြီးကွန်ပြူတာမှာ run ထားပေးပါ



ဖုန်းကိုပါဝါမပိတ်ခင် setting ထဲမှာရှိတဲ့ firstboot mod ကိုပိတ်ပေးပါ
ပါဝါပိတ်ပါ သေချာအောင်ဓါတ်ခဲဖြုတ်လိုက်ပါ ၁၅ စက္ကန့် လောက် ထားပြီး
ဓါတ်ခဲပြန်တပ်ပါ  ပြီးယင် Vol down + Power နှစ်ခုတွဲနှိပ်ပါ Huawei logo
မှာရပ်ပြီးနေပါလိမ့်မယ် အဲဒီအချိန်မှာပဲ ကွန်ပြူတာနဲ့ဖုန်းကိုယူအက်စဘီထိုးပြီးချိတ်လိုက်ပါ  Command box အလုပ်လုပ်
နေတာတွေ့ရပါလိမ့်မယ် ပြီးယင် ရပ်သွားပါလိမ့်မယ်ကွန်ပြူတာက ကီးတစ်ခုခု
နှိပ်လိုက်ပါ command box ပျောက်သွားပါလိမ့်မယ် ဖုန်းကိုယူအက်စဘီမှဖြုတ်ပါ
ဓါတ်ခဲဖြုတ်ပါ ပြီးလျှင်ဓါတ်ခဲပြန်တပ်ပြီး Voi up+ Power တွဲပြီးစက္ကန့် နှစ်ဆယ်ခန့်
နှိပ်ထားပေးပါ အောက်ပါစာကြောင်းများပေါ်လာမည်။

--reboot system now 重启系统
--apply sdcard:update.zip 使用SD卡根目录的update.zip更新系统
--wipe data/factory reset 清空data分区并恢复出厂设置
--wipe cache partition 清空cache分区
--install zip from sdcard 从SDcard选择文件更新系统
--apply sdcard:update.zip 使用SD卡根目录的update.zip 更新系统
--choose zip from sdcard 从SD卡选择zip格式升级包
--toggle signature verification 切换签名验证
--toggle script asserts 切换升级脚本检查
--backup and restore 备份和恢复
--Backup 备份
--Restore 恢复
--Advanced Restore 高级恢复
--mounts and storage 挂载和存储
ထိုအခါရီကာဗာရီမုဒ်ထဲသို့ရောက်ရှိပြီဖြစ်ပါသည်။


rom တင်ရန် မိမိဒေါင်းထားသော rom zip  ကို မိမိဖုန်းအတွင်းရှိ မိုက်ကရိုအက်စဒီ
ကဒ်အတွင်းသို့ (မည်သည့်ဖိုဒါအောက်တွင်မှမထားပဲ )
ကူးထည့်ထားပေးပါ။
ဖုန်းတွင်ပြန်တပ်ပြီးရီကာဗာရီမုဒ်ထဲသို့ဝင်ပါ ။
ပထမဦးစွာ wipe data/factory reset လုပ်ပေးပါ ပြောစရာကျန်ခဲ့ပါသည် ရီကာဗာရီမုဒ်ထဲသို့ရောက်သောအခါ touch အသုံးပြု၍ မရတော့ပါ volup =အပေါ်သို့ရွှေ့ခြင်း vol down = အောက်သို့ရွှေ့ခြင်း power key = Enter
ဖြစ်ပါသည် ။
ဒုတိယအနေဖြင့်wipe cache partition လုပ် ပေးပါ ။ပြီးလျှင်--mounts and storage ထဲသို့ဝင်ပါ
--mount /system 挂载/system分区(系统分区)
--mount /data 挂载/data分区(数据分区)
--mount /cache 挂载/cache分区(缓存分区)
--mount /sd-ext 挂载/sd-ext分区(A2SD分区)
--format boot 格式化内核分区
--format system 格式化系统分区
--format data 格式化数据分区
--format cache 格式化缓存分区
--format sdcard 格式化存储卡
--format sd-ext 格式化内存卡SD
--mount USB storage 挂载SD卡为U盘模式
format system လုပ်ပေးပါ အားလုံးပြီးစီးလျှင်  apply sdcard:update.zip ကိုရွေးပေးပါ ထိုအထဲမှမိမိ ကူးထည့်ထားသော rom zip ကိုရွေးပေးပါ အချိန်နှစ်မိနစ်ခန့်စောင့်ပါ ပြီးလျှင် ပြီးကြောင်းပေါ်လာမည်  ထိုအခါ
reboot system now

ကိုရွေးပေးလိုက်ပါ မိမိဒေါင်းထားသော rom လေး လှပစွာမိမိဖုန်းတွင်အသက်ဝင်နေသည်ကိုတွေ့ရမည် ဖြစ်သည်။ တနေ့ဖုန်းတစ်လုံး
မ၀ယ်ချင်သော်လည်း တနေ့ရွန်အသစ်interface အသစ်တစ်ခုတင်၍ ပျော်ရွှင်နိုင်ကြပါစေ။

Samsung S Plug GT9001 4.1.2 Jelly Bean Firmware

Samsung S Plug GT9001 4.1.2 Jelly Bean Firmware

http://www.androidegis.com/wp-content/uploads/2012/10/xperia-s-plus-jelly-bean.jpg



Samsung Galaxy S Plug GT - 9001 အတွက် 4.1.2 Firmware လိုချင်ပါတယ်ဆိုတဲ့ ကိုအောင်ကိုနဲ့အတူ
အားလုံးအဆင်ပြေအောင်ပြန်တင်ပေးလိုက်ပါပြီဗျာ Phone မှာ ပြန်တင်ဖို့အတွက်ကိုတော့ လုပ်နေကျ
အတိုင်းဘဲ Download Mode, Recover Mode တွေကနေဘဲပြန်တင်ရမှာပါ.. အောက်မှာ အရင်ဒေါင်းလိုက်ပါ
ပြီးရင် အခု S Plug အတွက် 4.1.2 ကိုတော့ CWM ကနေပြန်တင်ပါ့မယ် အရင်ဆုံး CWM တင်ပါ့မယ်
ဒေါင်းထားတဲ့ CWM ကို SD ကဒ်ထဲကိုထည့်လိုက်ပါ..ပြီးရင် CWM တင်ဖို့အတွက်ကို ဖုန်းကို Vol Up + Home + Power ကိုသုံးခုလုံးတွဲနှိပ်ပြီးတော့ Recover Mode ထဲကိုအရင်ဝင်ပါမယ် .. Recover Mode ထဲကိုရောက်ပြီဆိုရင် Install Zip From SD >> Choose Zip from SD ကနေဒေါင်းထားတဲ့ CWM ကိုရွေးပေးလိုက်ပါ..ပြီးရင် Power (or) Home နဲ့ OK လုပ်ပေးလိုက်ပါ..Complete ဖြစ်ပြီး
ဖုန်းကို Reboot System Now နဲ့ Reboot ပြန်တက်လိုက်ပါခင်ဗျာ CWM တင်လို့ပြီးသွားပါပြီ..
CWM တင်လို့ပြီးရင် ဖုန်းကို 4.1.2 Jelly Bean ပြန်တင်ဖို့အတွက် ဖုန်းကိုပိတ်လိုက်ပါ..
SD ကဒ်ထဲကို Format ရိုက်ပါ.. ပြီးရင်ဒေါင်းထားတဲ့ Firmware ကို SD ကဒ်ထဲကိုထည့်ပါ..
ဖုန်းကို Vol Down + Power ( or ) Vol Up+ Home+ Power ကိုတွဲနှိပ်ထားပြီးတော့ CWM တဲကိုဝင်လိုက်ပါ
ရောက်ပြီဆိုရင် wipe data/factory reset, Wide Cause ရယ်ကိုအရင်လုပ်ပေးလိုက်ပါ.. ပြီးရင်
Install Zip From SD >> Choose Zip from SD ကနေဒေါင်းထားတဲ့ Firmware ကိုရွေးပေးလိုက်ပါ..
( Vol Up , Vol Down ရွေးရန်) ( Home (or ) Power -- OK) ပြီးရင် ဖုန်းကို Reboot System Now နဲ့ 
Reboot ပြန်တက်လိုက်ပါ...Reboot ပြန်တက်လာတာဟာ ကြာတက်ပါတယ် စောင့်ကြည့်နေလိုက်ပါ..
Reboot ပြန်တက်လာပြီဆိုရင် ဖုန်းက 4.1.2 Jelly Bean လေးနဲ့ လန်းနေပါပြီဗျာ..
အားလုံးအဆင်ပြေကြပါစေ..

CWM

4.1.2 Jelly Bean

China Firmware များ

China Firmware များ
                             
                                                              China Firmware များ လိုချင်သူများ အောက်ကလင့်မှာ ကိုယ့်ကြိုက်တာကို ဒေါင်းနိုင်တယ်နော်.......................

http://chinafirmware.blogspot.com/

Samsung Firmware တင်နည်းများ


Samsung Firmware တင်နည်းများ
                                         Samsung Firmware တင်နည်းများကို ကိုသန်းတိုးအောင်ဆိုက်ကနေ ကူးယူလိုက်တယ်ဗျာ...................................................

http://thantoeaung.blogspot.com/2013/03/samsung-official-firmware-mediafire.html

Password - MMAS

ဖုန်း application icon တွေကို မြန်မာစာပြောင်းမယ်

ဖုန်း application icon တွေကို မြန်မာစာပြောင်းမယ်

ပုံမှာပြထားတဲ့အတိုင်းဖုန်း ရဲ့ application icon တွေကိုမြန်မာစာပြောင်းချင်ရင်အောက်ကလင့်မှာယူလိုက်ပါ...
အလန်းလေးနော်...

  ဆောဝဲကို   ဒီမှာဒေါင်းယူပါ         ။

Android Phone Booster (ဖုန်းလေးနေရင် ဒီဆောဝဲလေးသုံးကြည့်ပါ....တကယ်ဖလန်းဖလန်း...

Android Phone Booster (ဖုန်းလေးနေရင် ဒီဆောဝဲလေးသုံးကြည့်ပါ....တကယ်ဖလန်းဖလန်း....။)

 
andriod ဖုန်းတွေ ဆော့ရတာလေးနေတယ် ဂျမ်းဖြစ်နေတယ်ဆို ဒီဆောဝဲလေးသုံးကြည့်ပါ တကယ် ပေါ့ သွားပါလိမ့်မယ်...။ကျနော့်ဖုန်းလေး ဆော့ရတာအားမရတော့လို့ ဆောဝဲတွေ တခုပြီးတခု လိုက်ထည့် တာ တော်တော်များများ က မသိသာသလိုပဲ ဒီဆောဝဲလေးထည့်ပြီး start ကို နှိပ်ပြီးတာနဲ့ တကယ်ကို ပေါ့ သွားတာ ကျနော်လက်တွေ့ပါပဲ ...။ဒါကြောင့် ဆိုက်ပေါ်တင်လိုက်တာပါ....။လိုချင်တဲ့သူငယ်ချင်းများ အလွယ် ဒေါင်းယူနိုင်အောင် လို့ တင်ပေးလိုက်ပါတယ်...။အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ....။
>>>>>Download Now<<<<<
App Screenshots



အားလုံးအဆင်ပြေပါစေ.......။

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း


မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

  http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။



ref  : http://beyondlove18.blogspot.com/

4 Myanmar Facebook (for andriod) မြန်မာဖောင့်မရှိတဲ့ ဖုန်းတွေမှာ မြန်မာလိုမြင်ရတဲ့ ဆောဝဲလေးပါ...

4 Myanmar Facebook (for andriod) မြန်မာဖောင့်မရှိတဲ့ ဖုန်းတွေမှာ မြန်မာလိုမြင်ရတဲ့ ဆောဝဲလေးပါ...



ဒီ Facebook ဆောဝဲလေးက andriod ဖုန်းမှ မြန်မာစာ မရှိတဲ့ သူငယ်ချင်းတွေ မြန်မာစာ အလွယ်တကူ 
မြင်ရစေတဲ့ ဆောဝဲလေးပါ.....။မြန်မာဖောင့် မထည့်ထားတဲ့ ဖုန်းတွေမှာ အသုံးပြူရန် အဆင်ပြေစေဖို့ တင်ပေးလိုက်ပါတယ်.....။ဒီဆောဝဲလေးကို ဖုန်းမှာ install ပြီး fb ကို သုံးကြည့်ပါ မြန်မာ ဖောင့်အကုန်မြင် ရပါပြီ....။စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ......။
>>>>>Download Now<<<<<
App Screenshots

အားလုံးအဆင်ပြေပါစေ.......။

ဖုန်းထဲက သီချင်းသံကို နှစ် ဆ ကျယ်လာစေမယ့် Sensor music player (for andriod)

ဖုန်းထဲက သီချင်းသံကို နှစ် ဆ ကျယ်လာစေမယ့် Sensor music player (for andriod)

Android ဖုန်းတွေမှာ သီချင်းဖွင့်နားထောင်လို့ အသံတိုးနေတယ်ဆိုရင် Sensor Music Player လေးကိုသုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရိုးရိုး Player နဲ့ ဖွင့်တာထက် အသံနှစ်ဆ ပိုကျယ်တဲ့အပြင်သီချင်းဖွင့်ထားတဲ့အချိန် နောက်တစ်ပုဒ်ကျော်ချင်ရင် ခလုတ်တွေ လိုက်နှိပ်စရာမလိုပဲ ဖုန်း Screen ပေါ်ကို လက်ကလေးဝှေ့လိုက်တာနဲ့ ပြောင်းတာ၊ ဖုန်းကို ဘောင်းဘီ အိတ်ထဲ ထည့်ထားရင်းပုတ်လိုက် တာနဲ့ပြောင်းတာ၊ စားပွဲပေါ် တင်ထားရင်း တစ်ချက်ထုလိုက်တာနဲ့ နောက်တစ်ပုဒ် ပြောင်းတာတွေပါ ပါဝင်ပါတယ်။


Player ကို ဖွင့်ပြီးတော့ LIBRARY ကို နှိပ်ကာ ကိုယ် နားထောင်ချင်တာကို ရွေးဖွင့်နိုင်ပါတယ်။


အသံ ၂ ဆ ကျယ်ဖို့ကတော့ အပေါ်ဆုံးက ပုံလေးရဲ့ ညာဘက်အစွန်က ဝိုင်းပြထားတာလေးကို နှိပ်ပြီး
အပေါ်ကို ဆွဲတင်လိုက်ရုံပါပဲ။ သီချင်းကို နားထောင်ကြည့်ပြီး အဆင်ပြေသလို ရွှေ့လိုက်ပေါ့နော်..။



သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်.....။

အားလုံအဆင်ပြေပါစေ ..။
Huawei Driver and Firmware များ

                                            Huawei Driver and Firmware များ လိုချင်သူများ အောက်ကလင့်မှာ ယူလိုက်နော်.......................


iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်း

iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်း



iOS app များကိုရယူရန် => http://www.myanmarmobileapp.com/category/iosapp/
iOS game များကိုရယူ၇န် => http://www.myanmarmobileapp.com/category/iosgame/
iPhone/Pad/Pod app,game များကို iPhone/Pad/Pod ထဲသို့ ကွန်ပျူတာမှတစ်ဆင့်သွင်းနည်းကို iDevice Beginner Users တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ အခုပြောပြမယ့်နည်းက Jailbreak လုပ်ထားတဲ့ iDevices တွေအတွက်ပဲဖြစ်ပါတယ်။ Cracked app တွေသွင်းဖို့ပါ။ အရင်ဆုံး iPhone/pad/pod ထဲသို့ဆော့ဝဲလှမ်းသွင်းဖို့အတွက် ကွန်ပျူတာမှာ iTools လို့ခေါ်တဲ့ ဆော့ဝဲလေးရှိရပါမယ်။ အောက်က link မှာရယူပါ။
Download Here:

Mirror Download link: iTools Download
download ရယူပြီးပြီဆိုရင်တော့ ရလာတဲ့ zip ဖိုင်လေးကိုဇစ်ဖြည်ထားပြီး အတွင်းထဲကရလာတဲ့ folder လေးကို desktop ပေါ်မှာထားလိုက်ပါ။ ပြီးရင် အဲဒီ folder ထဲက iTools .exe ကို run လိုက်ပါ။ run ပြီးရင် မိမိရဲ့ iPhone/Pad/Pod touch ကို usb ကြိုးကိုအသုံးပြု၍ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်လိုက်တာကို iTools ဆော့ဝဲကသိပြီး iTools ဆော့ဝဲထဲမှာ မိမိရဲ့ device ပေါ်လာပါမယ်။ iTools ရဲ့ မိမိ device ကဏ္ဍအောက်က Apps ထဲကိုဝင်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


Apps ကဏ္ဍထဲသို့ရောက်သွားပြီဆိုပါက Install ကိုနှိပ်၍ မိမိတို့ install လုပ်လိုသော ကွန်ပျူတာထဲမှ iOS app,game ဖိုင်ကိုရွေးချယ်ရပါမယ်။ အောက်ပုံအတိုင်းပါ။



ကွန်ပျူတာထဲရှိ မိမိတို့သွင်းလိုသော iOS app (.ipa) ဖိုင်ရှိသောနေရာကိုသွားပြီး မိမိတို့သွင်းလိုသော app ပေါ်တွင် click တစ်ချက်နှိပ်၍ Import ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။



iPhone/Pad/Pod touch ထဲသို့ app/game စတင်သွင်းနေပြီကိုမြင်ရပါမယ်။



100% ပြီးသွားပါက မိမိတို့ iPhone/Pad/Pod touch ထဲတွင်ယခုသွင်းလိုက်သော iOS app,game လေးရောက်နေပြီဖြစ်ပါတယ်။

Samsung GALAXY GRAND Duos GT – I9082 ကို Myanmar ဘာသာစကားပါလာသော Lastest official firmware တင်မယ်

Samsung GALAXY GRAND Duos GT – I9082 ကို Myanmar ဘာသာစကားပါလာသော Lastest official firmware တင်မယ်

Samsung Galaxy Grand Duos I9082 White-3
အခုနောက်ပိုင်း ဆန်းဆောင်းဖုန်းတွေဝယ်ရင် အရင်လို မြန်မာဖောင်.ကို
ခက်ခက်ခဲခဲ ထည်.စ၇ာမလိုတောပါဘူး ။Original ပါလာတဲ. zaw gyi
နဲ.ကီးဘုတ် ပြောင်းသုံးလိုက်ရင်ရပါပြီး ။ ဆန်ဆောင်းဖုန်းတိုင်းတော.မပါသေးပါ။
ကဲဒီနေ.တော Samsung GALAXY GRAND Duos I9082 တစ်လုံးရောက်လာလို…….ကလိမိတယ်……..လန်းထှာ…..root လုပ်စရာမလို၊ဖောင်.ထည်.စရာမလိုပဲ…မြန်မာဖောင်.ပါလာသဗျ။။။။အဲနောက်ဆုံး setting တွေပါ မြန်မာဖောင်.ရခြင်ပါတယ်…ဆိုလို…..ဆန်ဆောင် lestဖန်ဝဲးလေးဒေါင်းပြီသွင်းပေးလိုက်တာ……အဆင်ကိုပြေလို…….ခိခိခိခိခိ……………….မသိသေးသောသူများအတွက်ပေါ…….GALAXY GRAND Duos I9082 Firmwareကို  MediaFire link ကပြန်တင်ပေးလိုက်ပါတယ်……အောက်မှာဒေါင်ပါ…….
                                       GRAND DUOS GT- I9082 lastest Original Firmware {mediafire link}
                                                                                               Odin Download Link
                                                                                              Samsung Usb Driver
ဖန်းဝဲးတင်နည်းကတော.{မသိသေးသော သူများအတွက်}အောက်မှလေ.လာပါ။
(1) မိမိတို.ရဲ ဖုန်ကိုပါဝါပိတ်ပါ။
(၂) ဒေါင်းလို.ရလားသော ဖိုင်များကိုဖြေပါ။
(၃) ODIN ကို run ပါ။
(၄)ဖုန်ကို download moad ဝင်ပါ။ power + home+ volume down ကိုတွေဖိထားပြီ Warning !! တက်လာရင် Volume up ကိုဖိ ပေးပါ{continue ပေါ့}
(5) usb ကြိုးသုံးပြီး ဖုန်ကို ကွန်ပျူတာဖြင်.ချိတ် လိုက်ပါ။
I9082
(၆) Odin ရဲ. PDA ကိုကလစ်ပြီး….I9082XXAMF5_I9082OLBAMG1_I9082XXAME2_HOME.tar.md5 ဖိုင်လေးကိုရွေးပါ။
Start ကို ကလစ်လိုက်ပါ။ Odin အလုပ်လုပ်နေပါပြီ။။။။။။။ပုံထည်းမှာပါ သလို…..PASS လိုပြလာပြီဆိုရင်တော…..သူငယ်ချင်တို.ရဲ ဖုန်ကိုအောင်မြင်စွာ….မြန်မာဘာသာစကားပါသော ဖုန်လေးတစ်လုံးပိုင်ဆိုင်နိုင်ပါပြီ။
Screenshot_၂၀၁၃-၀၇-၀၆-၁၁-၄၀-၂၈[1]Screenshot_၂၀၁၃-၀၇-၀၆-၁၁-၄၀-၄၂[1]Screenshot_၂၀၁၃-၀၇-၀၆-၁၁-၄၁-၅၈[1]
KOMIN/////https://www.facebook.com/komin.idroid

Android ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်တဲ့ Maung bean root v5.1

Android ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်တဲ့ Maung bean root v5.1



Myanmar Mobile Users Group မှကိုအောင်မင်းဟန်တင်ပေးသွားတဲ့ Root Tool လေးပါ။ သူကတော့ ဒီ Root Tool ကို Maung Bean Root လို့အမည်ပေးထားပါတယ်။ ဒီ Tool ကလည်း Samsung ,HTC ,Huawei, sony, LG, Coolpad, ZTE, Lenovo, Motorola စတဲ့ Android ဖုန်းအမျိုးအစားပေါင်းစုံကို Root လုပ်နိုင်တယ်လို့ဆိုပါတယ်။ Android 1.5 ကနေ Android 4.2.2 အထိရှိတဲ့ Device တွေကို Root လုပ်ပေးနိုင်ပါတယ်။ Maung bean root ကိုအောက်က link မှာရယူပါ။
Download Here:



Mirror link: Maung bean root v5.1 အားရယူရန်

Huawei Phone Firmware Installation (Huawei ဖုန်း firmware တင်နည်း)

Huawei Phone Firmware Installation (Huawei ဖုန်း firmware တင်နည်း)

url

ကဲ ကျွန်တော် myanmarmobileapp မှာပထမဆုံးရေးသားခွင့်ရတဲ့ပို့စ်လေးပါ။ ဒီလိုပို့စ်ရေးလို့ရတဲ့အတွက် ကိုအောင်ဘိုဘိုလွင်ကို အထူးပင်ကျေးဇူးတင်ပါတယ်(ကျေးဇူးတင်ထိုက်သူအားလုံးပေါ့နော် :D )
myanmarmobileapp site ကလေးမှာတော်တော်များများပြည့်ပြည့်စုံစုံရှိပီးသားပါ။ အနော်အခုရေးတဲ့ ပို့စ်ကလေးကတော့ အကြမ်းဖျင်းပေါ့နော် Huawei ဖုန်းတွေ firmware တင်တာလေးတွေပြောပြသွားမှာပါ။
dload ဖိုင်ဖြည့် Firmware တင်ခြင်း
တစ်ခြားတော့ဘာမှမဟုတ်ပါဘူး။ Huawei ဖုန်းတော်တော်များများရဲ့ Firmware တွေက များသောအားဖြင့် zip ဖြည်လိုက်ရင် dload folder လေးပါတာများပါတယ်။အယ် အဲ့မှာ တစ်ခုသတိထားရမှာက တစ်ခုက ဥပမာ dload တော့
ပါပါရဲ့ ထက်ဖွင့်လိုက်ရင် dload ထဲမှာမှ update.zip ဆိုပီးထပ်ပါနေရင်တော့ဒီနည်းမဟုတ်ဘူးနော်။ နောက်တစ်နည်း။အဲ့လိုမှမဟုတ်ဘူး dload folder ထဲမှာ update.app တစ်ခုပဲပါတယ်ဆိုရင်
အဲ့လိုကောင်မျိုးဆိုရင်လွယ်တယ်။external sd card အလွတ်တစ်ခု (2 GB or 4 GB)ကို Format ရိုက်။ ပြီးရင် dload folder လိုက်ကို SD card ထဲထည့်။ ဖုန်းကို ပါဝါပိတ် ။ vol up + down + power တွဲနှိပ်လိုက်ပါ။
အောက်ကပုံအတိုင်း step 1 2 တင်သွားတာမြင်တွေ့ရမှာပါ။ တစ်ခါတစ်လေ step 2 မှာ fail ပြတတ်ပါတယ်။ fail ပြပီးဆိုဘာလုပ်မလဲ အရင်ဆုံး SD card ကိုလဲစမ်းသင့်ပါတယ်။
နောက်မှ Flashing tool တွေသုံးကြည့်ပေါ့နော်။နောက်တော့ အသေးစိတ်ထပ်ရှင်းပြသွားမှာပါ။
dload ဖိုင်ဖြင့်တင်ရတဲ့ အမျိုးအစားတွေကတော့ ဥပမာ
1.C8500
2.C8500S
3.C8600
4.C8650
5.C8650E
6.C8800
7.C8810
8.C8812 and so on………………1

dload ဖိုင်ထဲရှိ update.zip ဖြင့် Firmware တင်ခြင်း
ဒီကောင်တွေကျတော့ ခုနကလို vol up + down + power နဲ့ တင်လို့မရပါဘူး။ သူ့မှာပါတဲ့ dload folder ကို sd card ထဲထည့်လိုက်ပါ recovery ထဲဝင်လိုက်ပါ။ အဲ့လို Handset မျိုး ဥပမာ T8808D လိုဟာမျိုးကျတော့
orginal stock recovery <3e> ကိုက auto update/sdcard/dload/update.zip ဆိုတဲ့ လမ်းကြောင်းလေးပါပါတယ်။အဲ့ကောင်လေးကိုရွေးပေးလိုက်တာနဲ့ Firmware တင်သွားမှာ ဖြစ်ပါတယ်။အောက်ကပုံအတိုင်းပါ။


2
3
Firmware ထဲတွင် vendor ဖိုင်ပါဝင်ခြင်း
တရုတ်တွေကလည်းတော်တော်ရှုပ်ပါတယ် ခ်ခ် :P အမျိုးမျိုးကိုလုပ်နေတာ။ အာ့ကြောင့် update fail ဖြစ်ဖြစ်နေတဲ့သူတွေလည်း တပုံကြီးပါ။ sd လဲလည်းမကောင်း။ ဘယ်လိုမှတင်မရ။ပြသ၁နာကဘာမှမဟုတ်ပါဘူး
တစ်ချို့ Firmware တွေ ဖြည်လိုက်ရင် vendor ဖိုင်လေးအပိုပါနေပါတယ် dload အပြင်။ vendor ဖိုင်ဘာလုပ်ဖို့တုန်း။ အဲ့ကောင်လည်းလိုအပ်ပါတယ် dload တစ်ခုတည်းနဲ့တင်ရင် step 2 မှာ fail ပြမှာပါပဲ။
သူ့တင်နည်းကတော့ ဥပမာ Ascend G300 U8818
Firmware ကို ဖြည်လိုက်ရင် dload,vendor ဆိုပီးထွက်လာပါတယ်
sd card အလွတ်ထဲကို dload ဖိုင်ကိုကူးထည့်လိုက်ပါ။ပီးရင် vendor ဖိုင်ထဲက UPDATE.APP ဆိုတာကို rename ပြန်ပေးရပါမယ်။ ဒီလိုလေးပါ “UPDATE_CUST.APP” ဆိုပီးတော့။ ပီးရင် အဲ့ကောင်ခုနက
sd card\dload folder ထဲသွားထည့်လိုက်ပါ။ ပီးရင် ထုံးစံအတိုင်း vol up + down + power တွဲနှိပ်လိုက်ပါ။ ကဲ အာ့ဆို သူတင်ပေးသွားပါလိမ့်မယ်။ step 2 မှာလည်း fail မပြတော့ပါဘူးနော်။ :P
1
ကဲ Firmware ဖြည်လိုက်ရင် step 1 2 3 ပါတာတွေဘယ်လိုတင်မတုန်း
အာ့တွေကနည်းနည်းတော့စားတယ်ဗျာ တရုတ်တွေက။ဥပမာ – U8800pro လိုဟာမျိုးတွေပေါ့ Adroid version မြင့်တော့မယ်ဆိုရင် တိုင်ပတ်တတ်တယ်။
အာ့မျိုးတွေ့ပီဆိုရင် ကိုဗားရှင်းက အခုလက်ရှိဘယ်လောက်သုံးထားတယ်ဆိုတာကို အရင်ဆုံး တစ်ချက်ကြည့်ဖို့လိုတယ်ဗျ နော်။အာ့မှအဆင်ပြေပြေဖြေရှင်းနိုင်မယ်။ဘာလိုလဲဆိုတော့ ဥပမာ
android version 2.2 ကနေ version 4.0 လှမ်းတက်မှာဆိုရင်တော့ step 1 က dload ကို အရင်တင် ပီးရင် step 2 dload , step 3 dload အဆင့်ဆင့်ပေါ့နော် ။အဲ့ 2.3.6 လောက်ကနေအမြင့်တင်မယ်ဆိုရင်
step 1 မလိုပဲ step 2 ကနေစတင်ရင်တောင်ရတယ် ။ ဒါပေမဲ့ သေချာချင်ရင် step 1 ပါ အရင်တင်ရင်တင်ပေါ့ ဟုတ်ဘူးလား ။ အနော်ကတော့ ကျော်လိုက်တယ် ခ်ခ် :P
ကဲ ဒီလောက်ဆို Firmware zip လေးတွေကို ဖြည်လိုက်ရင် ဘာတွေပါတယ် ဘယ်လိုသုံးရမယ်ဆိုတာနည်းနည်းပါးပါးတော့သိလောက်ပီးထင်ပါတယ်နော်။ မေ့လို့ တစ်ချို့ဟာတွေကျတော့ Flashing tool တွေနဲ့
တင်ရတာတွေရှိတယ် နောက်ပိုင်းမှာ ပြောပြသွားမှာပါနော်။ ဆက်လက်ကြိုးစားပါဦးမယ် ။လာလည်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။အမှားများပါခဲ့လျှင် သည်းခံနားလည်ပေးပါလို့နော်။ တတ်သလောက်ကြိုးစားပီးတင်ပေးထားပါတယ်။

Samsaung Galaxy Note 2 GT-N7100 ကို Root လုပ်နည်း

Samsaung Galaxy Note 2 GT-N7100 ကို Root လုပ်နည်း


 Samsaung Galaxy Note 2 GT-N7100 ဖုန်းလေးကို Root လိုက်လုပ်ကြမယ်နော်။ Root လုပ်ရင်တော. Warranty ပျက်သွားပါတယ်။ဒါပေမယ်.လည်း ကျနော်ကတော.
 ကျနော်.ဖုန်းလေးကို crack application တွေထည့်ချင်တာကြောင့် Warranty အပျက်ခံပြီးတော့ Root လုပ်လိုက်ပါတယ်။ မိတ်ဆွေတို့လည်း Root လုပ်မယ်လို့စိတ်
ကူးထားရင် ကျနော်နဲ့အတူလိုက်လုပ်ကြရအောင်နော်။
Odin3 ကို Galaxy Note2 Root ဖိုင်ထဲမှာ တခါတည်းထည်.ပေးလိုက်တယ်။
လိုအပ်တာတွေဒေါင်းမယ်- Samsaung USB Driver and  GalaxyNote2Root
ဒေါင်းပြီးတဲ.ဖိုင်တွေကို Desktop ပေါ်မှာပဲ extraလုပ်ထားပါ။ Samsaung USB Driverကိုတော. PCမှာ Runထားပါ။ မ run ထားလည်းရပါတယ်..။အောက်မှာနည်းလမ်းပြောပြသွားမှာပါ..။
မိမိတို.ဖုန်းရဲ.Download Mode ထဲကိုဝင်နိုင်ဖို. Volume Down+Center Home+Power Buttonတွေကို တပြိုင်နက်တည်း တအောင်.လောက် ဖိနှိပ်ထားလိုက်ပါ။ 

အပေါ်ပုံကလို Warning ဆိုတဲ.စာသားလေးနဲ. စာတွေပေါ်လာပြီဆိုရင် Odin Mode ထဲကို ၀င်နိုင်ဖို.အတွက် Volume upကိုနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းကို USB Cableနဲ. PC နဲ.ချိတ်ဆက်လိုက်ပါ။ 
စောစောက Galaxy Note2 Root.Zip ကို extra လုပ်ထားတဲ. ဖိုင်တွေထဲက odin3 ဆိုတာလေးကို ဖွင်.လိုက်ပါ။ဖွင်.လိုက်ပြီးရင်တော.ခုနက sumsang driver မ run ထားတဲ့သူတွေက  ဒီအတိုင်းပဲ 
ခနစောင့်နေလိုက်ပါ..။ driver ကို သူ့ဟာသူ
ဒေါင်းပြီး install လုပ်ပေးပါမည်..။အင်စတောလုပ်ပြီးတာနဲ အောက်မှာပြထားတဲ့ odm3 ပုံက လို အ၀ါကွက်လေးပေါ်လာမှာဖြစ်ပါတယ်...။အင်တာနက် ကွန်နက်ရှင်ချိတ်ထားဖို့ လိုတာပေါ့..။
ဒီနည်းက driver ကို ဒေါင်းမရ ဒါမှမဟုတ် လင့်သေသွားရင် ရှာစရာမလိုပဲ ဖုန်းနဲ့ ကွန်ပြူတာ ကေဘယ် ချိတ်ပြီး ဒေါင်းတဲ့နည်းလေးပါ.....။
ကဲ driver အဆင်ပြေပြီဆိုရင် root ဖို့ စလှုပ်ရှားကြရအောင်..။
 PDA ဆိုတာလေးကို တချက်ကလစ်လိုက်ပြီး cwm6-root-note2.tar 
ဖိုင်လေးကို ထည်.လိုက်ပါ။
 ထည်.ပြီးရင်တော. အောက်ကပုံမှာပြထားတဲ.အတိုင်း Start ဆိုတာလေးကို နှိပ်လိုက်ပါ။ 
အောက်ပါပုံအတိုင်း သူ.ဘာသာသူ installလုပ်နေပါလိမ်.မယ်။ 
USB Cableကို မဖြုတ်သေးပဲ reboot ပြန်တက်လာသည်အထိ ခဏစောင်.လိုက်ပါ။ 
ကဲ Reboot ပြန်တက်လာပြီဆိုရင်တော. မိမိဖုန်းလေးဟာ Superman ပုံစံ Super Userလေးနဲ. Root Access ရသွားပြီးဖြစ်ပါတယ်။ 
အပေါ်ကနည်းအတိုင်း Root ရတာအဆင်မပြေရင်ကျနော်အား ဆက်သွယ် မေးမြန်းနိုင်ပါတယ်.. မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်...အားလုံး လုပ်တတ်ကြမှာပါ...:) 
အားလုံး အဆင်ပြေပါစေ....။

ဖုန်းနံပါတ်ဖြောင့်၍ ဖုန်းခေါ်နည်း (for andriod phone)

ဖုန်းနံပါတ်ဖြောင့်၍ ဖုန်းခေါ်နည်း (for andriod phone)



ဖုန်းနဲ့ ပါတ် ဖြောင့်၍ ဖုန်းခေါ်နည်းလေးပါ...။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနဲပါတ်ကို မသိစေချင်ပဲ ဖြောင့်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
  • ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် inslall ပါ.....။
  • ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
  • ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
  • and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
  • add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။
screenshots လေးပြထားပါတယ်...။

 
 




ဒီလောက်ဆို သူငယ်ချင်းများ နားလည်မယ်လို့မျှော်လင့်ပါတယ်.....။ဒီနည်းလေးကို ကိုအောင် ရဲ့ ဆိုက်မှ တွေ့ လို့ အားလုံးသိစေရန်ရည်ရွယ်ချက်ဖြင့် ကျနော်ပြန်လည်မျှဝေပေးပါတယ်.....။အသေးစိတ် ကိုတော့ ဒီလင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်....။
 Features:
 ★ Widget with a maximum of 6 operating modes:
 ★ Hide Caller ID for all calls
 ★ Always submit Caller ID
 ★ Hide Caller ID for next call only
 ★ Hide Caller ID for all calls except for numbers from your phone book (PRO Version)
 ★ Show Caller ID for selected contact groups (PRO Version)

 ★ Widget always shows the selected operation mode
 ★ you can change the GSM-Code prefix
 ★ Notification for the current status can be set up into notification bar
 ★ Visually impaired people with color-blindness can recognize symbols easily
 ★ Admin-UI mit many settings
 ★ clean the call log from the prefixes
အားလုံးပဲအဆင်ပြေပါစေ...။