Search This Blog

Tuesday, October 8, 2013

Samsung Glaxy Ace GT-S5830 ကို Android 4.2.2 Custom ROM တင်ရအောင်

ဒီပို့စ်ရဲ့ အကြောင်းအရာကို ဖတ်ပြီး မလုပ်ခင် ဖြစ်လာမယ့် ဆိုးကျိုး ကောင်းကျိုးကို လက်ခံနိုင်မှ ဆက်လုပ်ပါလို့ ဦးစွာ သတိပေးထားပါရစေ.. လက်ခံနိုင်ရင် စရအောင်.

1. ပထမဆုံး. ဖုန်းကို Root လုပ်ထားဖို့လိုအပ်ပါတယ်.. Root လုပ်နည်း အောက်ကလင့်မှာ ကြည့်ပါ..


2. Root ပြီးသားဆိုရင် CWM Recovery အရင်သွင်းရပါမယ်.. အောက်ကလင့်မှာ ဒေါင်းပါ.. 3. ရလာတဲ့ CWM.zip ကို SD Card ထဲထည့်ပြီး ဖုန်းထဲကိုထည့်ပါ..
4. ဖုန်းကိုပါဝါပိတ်ပါ.. ပြီးရင် Volume Up + Home + Power ကိုနှိပ်ပြီး Recovery Mode ကိုဝင်ပါ.. ပြီးရင် Volume Up/Dwn ကိုသုံးပြီး apply update from sd card ကိုရောက်အောင်ရွှေ့ပြီး Home ကို တစ်ချက်နှိပ်ပါ..
5. SD card ထဲမှာ ခုနက ထည့်ထားတဲ့ ဖိုင် CWM.zip ကိုရွှေ့ပြီး Home ကို တစ်ချက်နှိပ်ပါ.. CWM Install လုပ်နေပါတယ်.. ပြီးသွားရင် reboot system now ကိုရွှေ့ပြီး Home ကိုနှိပ်လိုက်ရင် Reboot ကျသွားပြီးပြန်တက်လာပါမယ်.. CWM Install အဆင့် ပြီးပါပြီ..
--
1. အောက်ကလင့်မှာ Android 4.2.2 ကို ဒေါင်းပါ.. ( ဖိုင်ဆိုဒ်အခက်အခဲကြောင့် လင့်သေသွားရင် ပြန်တင်ဖို့ မလွယ်ပါ. )
2. ပြီးရင် ဒေါင်းလို့ရတာတဲ့ ဖိုင်ကို မဖြည်ဘဲ SD Card ထဲထည့်ပြီး ဖုန်းထဲကို ထည့်ပါ..
3. ဖုန်းကိုပါဝါပိတ်ပါ.. ပြီးရင် Volume Up + Home + Power ကိုနှိပ်ပြီး Recovery Mode ကိုဝင်ပါ.. ပြီးရင် Volume Up/Dwn ။ Home ကိုသုံးပြီး “wipe data factory reset”, “wipe cache partition” and “wipe dalvik cache” လုပ်လိုက်ပါ.. တစ်ဆင့်ချင်း မပြောတော့ဘူးနှော်..
4. ပြီးရင် နောက်ဆုံးအဆင့် Install Zip From SD Card ကိုရောက်အောင်ရွှေ့ပြီး Home ကိုနှိပ်ပါ.. SD ထဲမှာ ခုနက ဒေါင်းပြီးထည့်ထားတဲ့ Android 4.2.2.zip ကို ရွေးပြီး Home ကိုနှိပ်ပါ.. ဒါဆို 4.2.2 ကို တင်နေပါပြီ..

5. ပြီးသွားရင် +++go back+++ ကိုရွှေ့. Home ကိုနှိပ်. reboot system now ကိုရွှေ့ပြီး Home ကိုနှိပ်. ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် Android 4.2.2 လေးနဲ့ OK နေပါပြီ..

ဒီနည်းနဲ့ Android 4.3 ကို စမ်းသပ်ရဲမယ်ဆိုရင် စမ်းသပ်နိုင်ပါတယ်.. Firmware Link မှာ 4.3 ပါ တင်ပေးထားပါတယ်.. ကျွန်တော် မစမ်းရဲလို့ မစမ်းရသေးပါ..

No comments:

Post a Comment