Search This Blog

Tuesday, October 8, 2013

photoshop Colorနှင့်File Formatအကြောင်းသိကောင်းစရာ....



k-non
အနီအစိမ်းအပြာ သုံးရောင်ထပ်လိုက်တော့ နောက်ထပ်ဘာရောင်တွေထွက်လာသလဲ

photoshop Colorsအကြောင်း

ပိုတိုရှော့ဝါသနာရှင်များအနေနဲ့  ဂရပ်ဖစ်ဒီဇိုင်းများကိုလေ့လာတော့မယ်ဆိုရင် Colorsအကြောင်းကိုတော့သိထားသင့်ပါတယ်။
ဒါမှသာပိုတိုရှော့ကိုလက်တွေ့ အသုံးပြုတဲ့အခါ အခက်အခဲမှရှိ လေ့လာနိင်မှာဖြစ်ပါတယ်။
အခုကျနော် အရောင်တွေရောစပ်ပုံကို ပြောပြမှာဖြစ်ပါတယ်။
ကလာရောစပ်ပုံကိုကြည့်မယ်ဆိုရင် CMYKနဲ့  RGBဆိုတဲ့၂မျိုးကိုတော့သိထားရပါမယ်။
CMYKကိုတော့Subtractive Colorလို့ ခေါ်ပါတယ်။
RGBကိုတော့ Additive Colorလို့ ခေါ်ပါတယ်။
CMYK
CMYKဆိုတာကတော့ Cyan-Magenta-Yellow-BlacKဆိုတဲ့ အခြေခံအရောင်လေးမျိုးနဲ့  အရောင်တွေကိုရောစပ်ဖန်တီးခြင်းဖြစ်ပြီး
အဲဒိကာလာတွေရဲ့ ထိပ်ဆုံးစကားလုံး C=Cyan, M=Magenta, Y=Yellow, K=BlacKကတော့ Bကိုယူလိုက်ရင်
Blueနဲ့  မှားမှာစိုးလို့  နောက်ဆုံးစာလုံးဖြစ်တဲ့Kကိုယူခဲ့တာဖြစ်ပါတယ်။
CMYKဟာ ဆေးရောင်မှင် (ink)တွေကိုရောစပ်ပြီး ကာလာမျိုးစုံ ဖန်တီးပြုလုပ်တာပါ။


RGB
****
RGBဆိုတာကတော့ R=Red, G=Green, B=Blue ဆိုတဲ့အခြေခံအရောင်သုံးမျိုးနဲ့  အရောင်တွေကိုရောစပ်ဖန်တီးထားခြင်းဖြစ်ပြီး
အဲဒိကာလာတွေရဲ့ ထိပ်ဆုံးစကားလုံးRGBတို့ ကိုယူထားခြင်းဖြစ်ပါတယ်။
RGBဟာ အလင်းရောင်စုံ(light)တွေကိုရောစပ်ပြီး အရောင်မျိုးစုံဖန်တီးပြုလုပ်တာပါ။
Color Meanings
တစ်ဆက်တည်း ကာလာတွေ၇ဲ့ အနက်အဓိပ္ပါယ်နဲ့  ဘယ်နေရာတွေမှာအသုံးပြုတယ်ဆိုတာပြောပြပါမယ်။
အနီရောင် အဓိပ္ပါယ်နဲ့ အသုံးပြုကြပုံတွေကတော့ ရဲရင့်ခြင်း၊ မာကျောခြင်း၊ စွမ်းအင်၊ သွေး၊မီး၊ စစ်၊ အန္ဒရာယ်နဲ့  အချစ်သင်္ကေတ စတာတွေမှာအသုံးပြုကြပါတယ်။

ခရမ်းရောင် ကိုတော့ စွမ်းအား၊ တော်ဝင်ဆန်မူ၊ မြင့်မြတ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ရည်မှန်းချက် စတာတွေမှာအသုံးပြုကြပါတယ်။
အ၀ါရောင် ကိုတော့ နေရောင်ခြည်၊စွမ်းအင်၊တက်ကြွခြင်း၊ မျှော်လင့်ချက်၊ စတာတွေမှာအသုံးပြုကြပါတယ်။

လိမ္မော်ရောင် ကိုတော့ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ဖန်တီးမှု၊ စတာတွေမှာ အသုံးပြုကြပါတယ်။
အစိမ်းရောင် ကိုတော့ ရှင်သန်ကြီးထွားမှု၊ သဘာဝ၊ လက်ဆက်ခြင်း၊ ကျန်းမာခြင်း၊ လုံခြုံမှု၊ ငွေကြေး စတာတွေမှာအသုံးပြုကြပါတယ်။
အပြာရောင် ကိုတော့ မိုးကောင်ကင်၊ ပင်လယ်၊ယုံကြည်စိတ်ချရမှု၊ နက်ရှိုင်းခြင်း၊ တည်ငြိမ်ခြင်း၊စတာတွေမှာ အသုံးပြုကြပါတယ်။
ဒါကတော့ အရောင်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့  အသုံးပြုလေ့ရှိတဲ့ အကြောင်းအရာတွေကိုပြောပြတာပါ။


Common Graphic File Formats
ဒါကတော့ ဂရပ်ဖစ်ဒီဇိုင်းပြုလုပ်တဲ့အခါမှာ သိထားသင့်တဲ့ ဖိုင်အမျိုးအစား File formatတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ဒီလိုFileအမျိုးအစားတွေကိုသိထားခြင်းအားဖြင့် မိမိကိုယ်တိုင် ဖိုင်များသိမ်းဆည်းခြင်း၊ အခြားသော ဂရပ်ဖစ်ဖိုင်းများကိုဖွင့်ခြင်း၊
ပြုပြင်ခြင်းများမှာ အသုံးဝင်မှာဖြစ်ပါတယ်။
File formatဆိုတာကတော့ ဖိုင်ရဲ့ အမျိုးအစား(File Type)ကိုဆိုလိုတာပါ။
သိမ်းဆည်ထားတဲ့ ဖိုင်နာမည်တွေရဲ့  dot(.)ရဲ့ နောက်မှာ၇ှိတဲ့ စာလုံးလေးတွေအပေါ်မူတည်ပြီး
ဖိုင်အမျိုးအစားတွေကွာပါတယ်။ တစ်ချို့ က အဲတာတွေကိုလုံးဝ နားမလည်သေးဘူး ကျနော်သေခြာပြောပြပါမယ်
အခုလက်ရှိကျနော်တို့  Facebookမှာ နောက်ပြီး ဖုန်းတွေထဲမှာ အများဆုံး အသုံးပြုနေကြတဲ့ ဓါတ်ပုံလေးတွေရဲ့  အမျိုးအစားက
JPGဖြစ်ပါလိမ့်မယ်။
အချို့ ဗျာ..အင်တာနက်ပေါ်ကို ပုံတွေတင်တဲ့အခါမှာ တစ်ချို့ နေရာတွေက ဓါတ်ပုံအမျိုးအစားရွေးပါတယ် သူသက်မှတ်ထားတဲ့ပုံ
အမျိုးအစားကလွဲရင် အခြားပုံတွေတင်လို့ မရပါဘူး အဲဒါကြောင့် ပုံတွေရဲ့ အမျိုးအစားတွေကို လေ့လာထားသင့်ပါတယ်။
ဖုန်းမှာပဲဖြစ်ဖြစ် ကွန်ပြူတာမှာပဲဖြစ်ဖြစ် ကိုယ်သိမ်းထားတဲ့ ပုံတိုင်းမှာ နာမည်(Rename)ရှိပါတယ် အဲဒိနာမည်နဲ့ အတူFile Type
ပုံအမျိုးအစားတွေက သူ့ အလိုလိုဖေါ်ပြပေးပါတယ်။

အခု ပိုတိုရှော့မှာလည်း Renameရဲ့ နောက်မှာdot(.)ခံပြီး File Type ရွေးခြယ်ပြီးSaveလုပ်ရပါတယ်။
(ဥပမာ) (မြန်မာ မင်းသမီးတစ်ယောက်ရဲ့ နာမည်) moe Hay ko.Jpg) (moe hay ok.psd) အဲဒါမျိုးဖြစ်ပါတယ်။
File Typeတွေကို ရှင်းပြပါမယ်။
.PSD
.psdဆိုတာကတော့ PhotoShop Documentရဲ့ အတိုကောက်ဖြစ်ပြီး Adobeကပြုလုပ်ပိုင်ဆိုင်တဲ့
ပိုတိုရှော့ရဲ့ native File Formatပဲဖြစ်ပါတယ်။သူ့ ကိုသိမ်းဆည်းလို့ ရတာကလည်း ပိုတိုရှော့ပရိုဂရမ်နဲ့ ပဲဖြစ်ပြီး
ဖွင့်လို့ ၊ပြုပြင်လို့ ရတာကလည်း ပိုတိုရှော့ပရိုဂရမ်နဲ့ ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပိုတိုရှော့မှာ.psdအနေနဲ့ ကိုယ့်ရဲ့ ဖိုင်ကိုသိမ်းဆည်းထားမယ်ဆိုရင်
ပိုတိုရှော့ထဲမှာပြုလုပ်ထားတဲ့ Layerတွေ၊ Styleတွေဟာ ပြန်ဖွင့်တဲ့အခါ ပေါင်းဆည်း ရှုပ်ထွေးမူမရှိပဲ သိမ်းဆည်းထားစဉ်ကအတိုင်း
ပြန်လည်ရရှိမှာဖြစ်ပါတယ်။
ဆက်လက်ပြုလုပ်ဖို့ ရှိတဲ့ ဒီိဇိုင်းတွေပုံတွေ နောက်တစ်ကြိမ်ထပ်မံပြုပြင်အသုံးပြုစရာရှိတဲ့ပုံတွေနဲ့  အရည်အသွေးကောင်းမွန်ဖို့ လိုတဲ့
ပုံတွေကို PSDနဲ့ သိမ်းဆည်းထားသင့်ပါတယ်။
PSD Fileရဲ့ အားနဲချက်ကတော့ Layerတွေများလေ Fileအရွယ်အစားကြီးမားလေဖြစ်ပြီး
PSDနဲ့ သိမ်းထားတဲ့Fileတွေကိုမိမိရဲ့ WindowထဲမှာPreviewကြည့်လို့ မရသလို ပိုတိုရှော့ပရိုဂရမ် မရှိတဲ့စက်မှာဆိုရင်
အခြား ပရိုဂရမ်တွေနဲ့  ဖွင့်ကြည့်လို့  မရတာပါပဲ။

.JPG/ .JPEG
jpg jpegဆိုတာကတော့ အဲဒိJPEGဖိုင်အမျိုးအစားကို ဖန်တီးတဲ့ အဖွဲ့ ရဲ့ နာမည်ဖြစ်တဲ့ Joint Photographic Experts Groupရဲ့ အတိုကောက်ဖြစ်ပြီး
pixmapလို့ ခေါ်တဲ့raster dataတွေကိုပဲသိမ်းဆည်းဖို့ ဖြစ်ပြီး Dataတွေကိုဖိသိပ်သိမ်းဆည်းထားတဲ့ ဖိုင်အမျိုးအစားဖြစ်တာကြောင့်
ဖိုင်အရွယ်အစားလည်းသေးငယ်ပါတယ်။Graphic Softwareအားလုံးလိုလိုဖွင့်လို့ ၊ အသုံးပြုလို့ ရတဲ့ ဖိုင်အမျိုးအစားဖြစ်ပြီး
မည်သည့်ဆော့ဝဲမှ မရှိသည့်တိုင်အောင် Windowထဲမှာဖွင့်ကြည့်လို့ ရပါတယ်။
windowမှာသာမက အခြားOSတွေနဲ့ Digital TVတွေ၊ DVD playerတွေမှာလည်း ဖွင့်ကြည့်လို့ ရပါတယ်။
ဒါ့အပြင်MP4တွေ၊Mobile Phoneတွေ၊ Digital Cameraတွေမှာလည်း ကြည့်ရှုအသုံးပြုလို့ ရပါတယ်။
ပြောရရင်တော့Digitalပစ္စည်းတိုင်းလိုလိုမှာဖွင့်ကြည့်လို့ ရတယ်ပေါ့။ ဒါဆို ပိုတိုရှော့သုံးရင် ဘာကြောင့်JPG/JPEGနဲ့ မသိမ်းတာလည်း
ဆိုရင်တော့ သူ့ မှာလည်း အားနဲချက်တွေရှိလို့ ပေါ့။
 ပိုတိုရှော့မှာအလုပ်တွေလုပ်ပြီး သိမ်းလို့ ရပေမယ့်LayerတွေStyleတွေဟာပေါင်စည်းသွားပါတယ်။
ကိုယ့်ရဲ့ လက်ရှိမြင်နေရတဲ့ပုံစံအတိုင်းပဲ ကြည့်လို့ ကောင်းရုံသာ သိမ်းစည်းလိုက်တာပေါ့။
နောက်ခံကTransparent(ကြည်လင်ပြတ်သားမှု)မဖြစ်ပါဘူး။
သိမ်းထားတာက ဖိုင်အရွယ်အစားသေးပေမယ့် တကယ်တမ်း အရည်အသွေးခြင်း ယှဉ်လိုက်ရင်တော့
PSDကိုမမှီပါဘူး။ ဒါကြောင့်JPGကိုပြန်ပြင်စရာမလိုတော့တဲ့ဒီဇိုင်းတွေ၊ လူအများကိုမျှဝေချင်တဲ့ပုံမျိုးတွေနဲ့  အင်တာနက်ပေါ်မှာအသုံးများပါတယ်။
ကိုယ်က အလုက်တစ်ခုကိုSPDနဲ့ လည်းသိမ်းတယ်၊JPGနဲ့ လည်းသိမ်းတယ်ဆိုရင် ပြန်ပြင်ဖို့  လိုအပ်တဲ့အခါ မူလPSDဖိုင်ကိုပြန်ဖွင့်ပြီးပြင်ပါ။
JPGကိုပြင်ပြီး ထပ်မသိမ်းပါနဲ့  အခုနကပြောသလို ကြည်လင်ပြတ်သားမှု မရှိတော့မှာသေခြာပါတယ်။ PSDမရှိတော့ဘူးဆိုရင်တော့
JPGကိုပဲ အသုံးပြုရတော့မှာပေါ့နော့.။

.PNG
Portable Network Graphicsရဲ့ အတိုကောက်ဖြစ်ပြီး Web(internet)ပေါ်မှာ အသုံးများပါတယ်။
JPEGလို ဖိုင်အရွယ်အစားက မကြီးပါဘူး။ Layerတစ်ခုတည်းပေမယ့် Transpraentအဖြစ်သိမ်းလို့ ရပါတယ်။ သိမ်းတဲ့အခါDataဆုံးရှုံးမှုလည်းနဲပါတယ်။
Web Designအတွက် အဓိကသုံးပြီး Print Mediaတွေမှာတော့မသုံးပါဘူး။ JPEGလို Deviceတိုင်းနဲ့ တော့ အဆင်မပြေပါဘူး။

.TIFF
Tagged Image File Formatရဲ့ အတိုကောက်ဖြစ်ပြီး၊ JPEGလိုImageဖိုင်ပါပဲ ဒါပေမယ့် ဖိုင်အရွယ်အစားက ပိုကြီးပါတယ်။
printingလုပ်ငန်းတွေမှာ အဓိကထား အသုံးပြုကြပါတယ်။ ပုံနှိပ်လုပ်ငန်းတွေ ဗွီနိင်းလုပ်ငန်းတွေလိုမျိုးပေါ့ Digital Imageကနေ တကယ့် Real Imageဖြစ်မလာခင်
ပုံမထုတ်ခင် နောက်ဆုံးအသုံးပြုတဲ့ ဖိုင်အမျိုးအစားပါ၊ အရည်အသွေး ကောင်းမွန်ပါတယ်။

.GIF
Graphic Interchange Formatရဲ့  နာမည်အတိုကောက်ဖြစ်ပြီးအရောင်က 256 Colorပဲရတဲ့အတွက် ပုံထွက်အရည်အသွေးညံ့ပါတယ်။
Logoတွေ၊ Diagramတွေနဲ့ ကာတွန့် ပုံလေးတွေမှာ အသုံးများပါတယ်။
အားသာချက်ကတော့ Animationတွေကို ပြုလုပ်သိမ်းစည်းနိင်ခြင်းပဲဖြစ်ပါတယ်။ ကြီးမားတဲ့Animationတွေတော့မဟုတ်ပါဘူး။
ဓါတ်ပုံလေးတွေ တစ်ပုံနဲ့ တစ်ပုံပြောင်းတာ၊ စာသားလေးတွေပြောင်းပြီးပေါ်တာ၊ အရုပ်လေးတွေလှုပ်ရှားမှု၊ ပြောင်းလဲမှုEffectအနည်းငယ်ကိုသိမ်စည်းပေးထားနိင်ပါတယ်။

.BMP
BMP File formatလို့ လူသိများတဲ့ Windows Bitmap File Formatကိုတော့ Windowsထဲမှာသာအသုံးများပါတယ်။
paintနဲ့  Wordpadလိုprogramမှာ သုံးပါတယ်။ Professionalအနေနဲ့ တော့ မသုံးကြပါဘူး။ File Sizeလည်းကြီးပါတယ်။

ဒီလောက်ဆိုရင်Colorအမျိုးအစားနဲ့ Fileအမျိုးအစားတွေကို နာလည်လိမ့်မယ်လို့ ထင်ပါတယ်နော်
ကျနော်လည်း ပိုတိုရှော့ကို အချိန်ရသလောက်လေ့လာ(ကလိ)ဖြစ်ပါတယ်။ လေ့လာတယ်ဆိုတာကလည်း ကိုယ့်ထက်တတ်ကျွမ်းတဲ့ ဆရာတွေ ရေးသားထားတဲ့
ပိုတိုရှော့ဆိုင်ရာ စာအုပ်တစ်ချို့ ကို ကျနော်ဖက်ပြီးကိုယ်တိုင် ရေးဆွဲကြည့်ပါတယ်။ နောက်ဆိုရင် ရေးဆွဲနည်းတွေကို ပုံနှင့်တကွတင်ပြပေးထားပါမယ်။
အချိန်နဲနဲတော့ကြာမယ်ဗျာ။ အခြားဆော့ဝဲတွေ တင်ဖို့ အတွက်လည်းပြင်ဆင်ရသေးတယ် အလုပ်ကတစ်ဖက်နဲ့ ဆိုတော့ ကျနော်တတ်နိင်သလောက်ပေါ့ဗျာ။
ဖြစ်နိင်ရင် တစ်နေ့ တာအတွက် ၂၄နာရီကနေ ၄၈နာရီသာဖြစ်လိုက်ချင်တယ်။ အလုပ်ကပြန်လာလို့  ကျနော့အတွက် ရတဲ့အချိန်လေးဟာ ကွန်ပြူတာဖွင့်ပြီး
ဒီလိုအလုပ်တွေလုပ်နေဖို့ အချိန်သာဖြစ်ပါတယ်။ ၀ါသနာကလည်းကြီးတော့ ထမင်းမေ့ဟင်းမေ့ အိပ်စက်ခြင်းဆိုတာကိုလည်းမုန်းတီးနေရတဲ့ လူမိုက်လေးကျနော်ပါဗျာP:
ကျနော့ရဲ့ ရည်မှန်းချက်က ဘာလဲဆိုရင် ဒီလိုBloggerလေးတစ်ခုလုပ်ပြီး နည်းပညာတွေ မျှဝေနေတာဟာ ကျနော့ထက်တတ်ကျွမ်းတဲ့ ဆရာတွေဆီကလည်း
နည်းပညာတစ်ချို့ ကိုရလိမ့်မယ်၊ ကျနော့နောက်က မသိနားမလည်သေးတဲ့ ညီကိုမောင်နှမတွေအတွက်လည်း နည်းပညာတစ်ချို့ ကိုရလိမ့်မယ်၊ ဒီလိုနည်းပညာတွေကို
လေ့လာ၊ မျှဝေနေရတဲ့အတွက် ကျနော်ရဲ့ စိတ်တည်ငြိမ်မှုတစ်ခုကိုရလိမ့်မယ်၊ တစ်ချိန်ချိန်မှာ ဒီပညာတွေဟာ တစ်နေရာရာကနေ ကိုယ့်အတွက်အသုံးဝင်လိမ့်မယ် ဆိုတဲ့
ရည်မှန်းချက်နဲ့ သာ အချိန်ကုန် လူပင်ပန်းခံပြီး လုပ်နေရခြင်းဖြစ်ပါတယ်. ကျနော့ရဲ့  ဆိုဒ်လေးကို လာရောက်လည်ပတ်ကြတဲ့ ညီကိုမောင်နှမတွေလည်း ကျနော့ရဲ့ စိတ်ရင်းမှန်ကို ဒီလောက်ဆိုရင်သိလိမ့်မယ်ထင်ပါတယ်။
ကဲ.ကဲ.မိုးလင်းတော့မယ် အိပ်လိုက်အုံးမယ်နော် မိုးလင်းရင်အလုပ်သွားရမယ်P: တာ့တာ..

                                                  ကေနွန်

No comments:

Post a Comment