Search This Blog

Saturday, September 21, 2013

ကျွန်တော် တို့ Solidfiles မှာ Upload တင်ရသည့်အကြောင်းအရင်း ဖတ်ဖြစ်အောင်ဖတ်ပေးပါ။

http://img837.imageshack.us/img837/32/downloadicont.png

အစကတော့ ကျွန်တော် ဒီ Post ကို မတင်တော့ဘူးလို့နေတာပါ။ ဒါပေမယ့် တဖြေးဖြေနဲ့
မတင်မဖြစ်တင်ရတော့မယ့် အခြေအနေရောက်လာလို့.. Download ပြုလုပ်ရင် မရတဲ့အခါ မကျေမနပ်ပြောတဲ့စကားတွေ..ရံဖန်ရံခါ ဆဲဆိုသွားကြတဲ့အတွက်တင်လိုက်ရတာဖြစ်ပါတယ်ဗျာ။
ကျွန်တော် ဘာကြောင့် www.solidfiles.com မှာတင်ရလည်းဆိုရင် အားသာချက်အများ
ကြီးရှိတာကြောင့်ပါ။ ဘယ်လိုအားသာချက်တွေလည်းဆိုရင်တော့

-Upload တင်ထားသမျှ Files တွေအားလုံးရဲ့ Link ဟာ ဘယ်တော့မှသေသွားခြင်း Files

  ပျက်သွားခြင်းမရှိပါဘူးဗျာ။

-Download ဆွဲတဲ့သူတွေအတွက်လည်း Download Speed ဟာ ကောင်းမွန်စွာဆွဲယူနိုင်မှာ

  ဖြစ်ပါတယ်ဗျာ။

-Download ဆွဲနေချိန်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားချိန်မှာ အသစ်ကနေ

  ပြန်ဆွဲယူစရာမလိုဘဲ Resume Download ကိုပြန်လည်ရရှိမှာဖြစ်ပါတယ်ဗျာ။

-Connection အရမ်းနည်းတဲ့အချိန်တွေမှာတောင် အဆင်ပြေပြေဒေါင်းယူနိုင်မှာဖြစ်ပါတယ်။




အဲဒီအားသာချက်တွေကြောင့် ကျွန်တော် www.solidfiles.com မှာ Upload တင်နေရခြင်း

ဖြစ်ပါတယ်။ အဓိက အားသာချက်ကတော့ upload တင်ထားတဲ့ File ဟာ ဘယ်တော့မှ

ပျက်စီးသွားခြင်းမရှိတဲ့အတွက် ကျွန်တော်သဘောကျတာပါ။ အဲဒီအချက်ဟာ အားလုံးသိပြီး

သာ နာမည်ကြီးပြီးသားဖြစ်တဲ့ www.mediafire.com ထက်ပိုကောင်းတဲ့အချက်ဘဲဖြစ်ပါ

တယ်။

အားနည်းချက်လေးတစ်ခုဘဲရှိပါတယ် ဘယ်လိုအားနည်းချက်လည်းဆိုရင်တော့ ရံဖန်ရံခါမှာ

Download Link ဟာ 403 ဆိုတဲ့ Error လေးတက်လာတာဘဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ

Error ဆိုတာကလည်း အမြဲတမ်းတက်နေတာမဟုတ်ပါဘူး။ Connection ကြောင့်တက်တာ

ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းတစ်ခါတစ်လေကြုံဖူးပါတယ်။ ဥပမာပြောပြရမယ်ဆို

ရင် Internet Download Manager တင်ထားတဲ့ Upload Link ဟာ ယခုဒေါင်းယူချိန်မှာ

403 Error တက်လာခဲ့တယ်ဆိုပါတော့ဗျာ။ အဲဒီအချိန်မှာ ဘယ်လို Refresh ဘဲလုပ်လုပ်

ဘယ်လို Proxy တွေဘဲပြောင်းပြောင်း 403 Error ဟာ တက်နေမှာဖြစ်ပါတယ်။ ဒါပေမယ့်

စိတ်ဓါတ်မကျပါနဲ့ တခြား ဒေါင်းစရာရှိတာတွေဒေါင်းထားပါ။ အင်တာနက်မှာ ကြည့်ချင်တာ

တွေလိုက်ကြည့်ပါ။ အဲဒီ Link ကိုတော့ တစ်နေရာရာမှာ မှတ်ထားပေးပါ။ နောက် တစ်ရက်

လောက်မှာ အဲဒီ Link ကိုဘဲ တခြားတစ်နေရာက ကွန်နရှင်နဲ့ ပြန်ဒေါင်းကြည့်ပါ။ ဒါမှမဟုတ်

အရင်ဒေါင်းနေတဲ့ ကွန်နရှင်နဲ့ဘဲ ဆက်ဒေါင်းကြည့်ပါ 90% အဆင်ပြေတာကိုတွေ့ရမှာပါ။

အဲဒါကသေချာပါတယ်။ ကျွန်တော်ကိုယ်တိုင်း ကြုံဖူးတဲ့ Error မျိုးဖြစ်နေလို့ပါ။ ကိုယ်တိုင်

လည်း အဆင်ပြေစွာနဲ့ဘဲ ပြန်ဒေါင်းယူခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေအားလုံး သဘောကျနေ

ကြတဲ့ Mediafire ကတော့ ခဏခဏ အဖျက်ခံကြရပါတယ်။ Link တွေလည်း ခဏခဏသေ

ပါတယ်။ ဘယ်တော့မှ အဲဒီ Link က အလုပ်လုပ်မှာမဟုတ်တော့ပါဘူး။ Solidfiles ကတော့

ခဏတာ ဒေါင်းမရခြင်းဘဲဖြစ်ပါတယ်။ User တစ်ယောက် က ဥပမာအနေဲ့ IDM ကိုဒေါင်းယူ

နေတဲ့အချိန် 403 Error တက်နေတဲ့အချိန်မှာအခြား User တစ်ယောက်က အဲဒီ IDM ကိုဘဲ

အခြားတစ်နေရာက နေဒေါင်းယူလို့အဆင်ပြေနေတာကိုလည်း ကျွန်တော့် ဆိုဒ်ရဲ့ Comment

တွေကတဆင့် ခဏခဏ သိရှိရပါတယ်။ ကျွန်တော်ကိုယ်တိုင်းလည်း 403 Error ကို တက်

နေချိန်မှာ အခြားသူငယ်ချင်းတစ်ယောက်ကို ဒေါင်းခိုင်းကြည့်တော့ အဆင်ပြေပြေ ဒေါင်းယူ

နိုင်တာကိုလည်း စမ်းသပ်ပြီး သိရှိပြီး ဖြစ်ပါတယ်ဗျာ။ကျွန်တော်လေ့လာရသလောက်ကတော့

Free Download ယူနိုင်တဲ့ Site တွေမှာ Upload တင်ထားတဲ့ File တွေကို မဖျက်တာ Solidfiles တစ်ခုတည်းရှိပါတယ်။ အခြား Site တွေအားလုံး တင်ထားတဲ့ File တွေကို ဖျက်

ပစ်ပါတယ်။ ဖျက်ပစ်တဲ့ အချိန် မြန်တာနဲ့ ကြာတာဘဲကွာပါတယ်။ အဲဒီလောက်ဆိုရင်တော့ Solidfiles ရဲ့ကောင်းကွက် ကိုသိရှိလောက်ပြီလို့ထင်ပါတယ်ဗျာ။ ခဏတာ Error တက်ချိန်

လေးကိုလည်း နားလည်းပေးဖို့ တောင်းပန်ပါတယ်ဗျာ။

ကျွန်တော် တို့ Blogger တွေဟာ ဘာကြောင့် နည်းပညာ Website တွေ ရေးပြီး နည်းပညာတွေ Software တွေမျှဝေပေးနေရတာလည်း ဆိုတာ နည်းနည်းတော့ရှင်းပြချင်ပါ

တယ်ဗျာ။ ကျွန်တော်တို့ အားယားနေလို့ အချိန်တွေပိုနေလို့ Post တွေတင်နေတာမဟုတ်ပါ

ဘူးဗျာ။ ဒီလိုနည်းပညာ Post တွေရေးနေလို့ ပိုက်ဆံရမယ်မထင်ပါနဲ့ဗျာ။ တစ်ပြားမှမရတဲ့အ

ပြင် ပိုက်ဆံလည်းတော်တော်လေးကုန်ကျပါတယ်။ ကျွန်တော်အပါအ၀င် Blogger တခိျု့ဟာ

ဖုန်းရဲ့ Internet ကွန်နရှင်နဲ့ Software တွေ Download ဆွဲကြ Upload တင်ကြနဲ့ Phone Bill တော်တော်ကုန်ကျ ကြပါတယ်ဗျာ။ ကိုယ်တင်လိုက်တဲ့ Post တစ်ခုအတွက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်းဟာ Post တင်တဲ့သူအတွက် အားဆေးပါ ၊ ပီတိပါ ဘယ်လိုငွေကြေးနဲ့မှ လဲလို့မရနိုင်တဲ့ ခံစားမှုတစ်မျိုးပါ။ ဒါက MMiTD မှာကတည်းက

ကျွန်တော် ခံစားခဲ့ရတဲ့ Feeling လေးပါ။

              ကျွန်တော် Upload တင်တဲ့ Software တစ်ခုကို Download ဆွဲသူတွေအဆင်ပြေ

ပြေနဲ့ဒေါင်းယူနိုင်ဖို့ ကျွန်တော်အမြဲတမ်းစဉ်းစားပါတယ်။ ကျွန်တော့် Website ကိုစထောင်

တုန်းကဆိုရင် www.minus.com နဲ့ တင်ပါတယ်။ အစပိုင်းမှာ တင်လို့လည်းအဆင်ပြေပါ

တယ် ဒေါင်းယူသူတွေလည်းအဆင်ပြေကြပါတယ်။ သုံလကျော်လောက်အကြာမှာတော့ ကျွန်တော် တင်သမျှ Software တွေ နည်းပညာ EBook တွေ ရာနဲ့ချီ အားလုံး အဖျက်ခံလိုက်

ရပါတယ်။ အချိန်ကုန်ထားသမျှငွေကုန်ခဲ့သမျှတွေအားလုံးသဲထဲရေသွန်သလိုပါဘဲ အားလုံး

ပျက်စီးကုန်ပါတယ်။ ကျွန်တော်စိတ်ဓါတ်မကျဘဲ www.mediafire.com နဲ့ ထပ်တင်ပါတယ်။

မကြာပါဘူးထပ်ပြီး အဖျက်ခံလိုက်ရပြန်ပါတယ်။ ကျွန်တော်ဘယ်လောက်စိတ်ဓါတ်ကျသွားလဲ

ဆိုရင် ကျွန်တော့် Website ကြီးတစ်ခုလုံး ဖျက်စီးပစ်လိုက်ဖို့အထိ စိတ်ကူးမိပါတယ်။ အဲဒီ အချိန်မှာ ညီငယ် IT Helper က www.solidfiles.com ဆိုတဲ့ Upload တင်တဲ့ ဆိုဒ်တစ်ခု

ညွှန်ပေးပါတယ်။ တော်တော်လေးလည်း ဒေါင်းတဲ့သူအတွက်ရော Upload တင်တဲ့သူအ

တွက်ပါ အဆင်ပြေစေတဲ့ ဆိုဒ်တစ်ခုပါ။ ဒါကြောင့် ကျွန်တော်တို့ Upload တင်တဲ့သူတွေ

အပေါ်နားလည်မှုပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော့်ဆိုဒ်ကို အားပေးမှုအတွက်

ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။ ကျွန်လည်းဘောလုံးသွားကန်လိုက်ဦးမယ်ဗျာ။ သူငယ်ချင်း

များအားလုံး  Cheers !!!!!! ………………………….

No comments:

Post a Comment