Search This Blog

Saturday, September 21, 2013

အမြင့်ဆုံးစွမ်းဆောင်ချက်များနဲ့ 1နှစ်အာမခံပေးထားသည့် Intex Aqua i-5 Smartphone

 http://www.technoteach.in/wp-content/uploads/2013/06/intex-aqua-i-5.jpg
အားလုံးဘဲမင်္ဂလာပါဗျာ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ Smartphone အသုံးပြုတဲ့ User တွေအတွက် အထူး သင့်လျှော်မယ့် Smartphone တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။ Intex Aqua i-5 လို့အမည်ရပါ တယ် ဗျာ။ Aqua i-5 ကတော့ India Brand ဖြစ်ပါတယ်။ ဖုန်း နဲ့ နည်းပညာ Product တွေကိုထုတ်လုပ် တဲ့နေရာမှာ India နိုင်ငံဟာလည်း ကမ္ဘာ့အဆင့်အတန်းမှီ တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ပါတယ်ဗျာ။ အခုမြန်မာနိုင်ငံမှာ လူသုံးများနေတဲ့ တရုတ်ဖုန်းတွေထက် အများကြီးကို သာလွန်ကောင်းမွန်ပါတယ်။ India Brand ဆိုပြီး ဈေးကြီးမယ်လို့တော့မထင်နဲ့နော်ဈေးနှုန်းမှာ လည်း အလွန်ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေး သွားမှာဖြစ်ပါတယ်ဗျာ။ ယခုကျွန်တော် မိတ်ဆက်ပေးမယ့် Phone ရဲ့ စွမ်းဆောင်ချက်များ ၊ အာမခံချက် များနဲ့ ဈေးနှုန်းကိုတော့ အောက်မှာ အသေးစိတ်ဖော်ပြပေး လိုက်ပါတယ်ဗျာ။ Intex Aqua i-5ကိုတော့ TKS Company မှ မြန်မာနိုင်ငံ၏ တစ်ဦးထဲကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချီခွင့် ရရှိပြီးဖြစ်ပါတယ်။
http://www.gogi.in/wp-content/uploads/2013/06/Intex-Aqua-I-5.jpg

Features

SIM Card     - Dual SIM Dual Standby (GSM + GSM) , (GSM + WCDMA)
Display        - 5-inch
Resolution     - 540x960 pixels
Processor     - Quad-core 1.2 GHz MediaTek MT6589
Rear camera     - 12-megapixel
Front camera     - 2-megapixel
RAM        - 1 GB
ROM        - 2 GB (Internal) + 4 GB
                 - MicroSD upto 32 GB
Battery        - 2000 mAh
Android OS,     - v4.2 (Jelly Bean)
Connectivity    - 3G
Price        - 190,000 (၀န်းကျင်)
1နှစ်အာမခံ

အထက်ဖော်ပြပါ အချက်အလက်များကို ကျွမ်းကျင်သူများကတော့သိရှိပြီးဖြစ်မှာပါ။ သာမန် User များအတွက် တစ်ချက်ချင်းစီကို အောက်မှာ အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိ ပြီးသားဖုန်းများကတော့ အထက်ပါ စွမ်းဆောင်ချက်များနဲ့ တစ်နှစ်အာမခံပေးထားတယ်ဆိုရင်ဈးနှုန်းက 3သိန်းခွဲနဲ့ 4သိန်းဝန်းကျင် ရောင်းချနေတာကိုလည်း လေ့လာတွေ့ရှိပြီးဖြစ်ပါတယ်ဗျာ။ ဈေးနှုန်းက 190,000 ၀န်းကျင်ဆိုပေမယ့်လည်း ဖုန်းတစ်လုံးဝယ်ယူရင် 8000 ၀န်းကျင်ရှိတယ် စာအုပ်ပုံစံ Phone Cover လှလှလေး တစ်ခု လက်ဆောင်ထည့်ပေးထားပါတယ်ဗျာ။

မြန်မာနိုင်ငံမှ User များအတွက် အကြိုက်တွေ့စေမယ့် အချက်တစ်ချက်ကတော့
Root ဖောက်ပြီး အသုံးပြုမယ်ဆိုရင်တောင် 1နှစ်အာမခံပေးထားဦးမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖုန်းအမျိုးအစားဖြစ်ပါတယ်ဗျာ။

အဲဒီအချက်ကိုကြည့်မယ်ဆိုရင်တော့ India Brand ဖြစ်တဲ့ Intex Aqua i-5 ရဲ့ အရည်အသွေးကို ခန့်မှန်း လို့ရလောက်ပါပြီ။


SIM Card  - Dual SIM Card ဖြစ်တဲ့အတွက် GSM နှင့် WCDMA နှစ်မျိုးစလုံးအသုံးပြုနိုင်ပါတယ် Internet အသုံးပြုသူများအတွက်အကြိုက်တွေ့စေမယ့် မြန်နှုန်းမြင့်လိုင်းဆွဲအားဖြစ်တဲ့ 3G ကို Support လုပ်ပေးနိုင် ပါတယ်။

Display - ဖုန်း Screen ရဲ့ အကျယ်အ၀န်းကလည်း 5လက်မရှိတဲ့အတွက် Game ကစားသူများနဲ့ Internet ပေါ်မှာ သတင်းတွေစာတွေဖတ်ချင်သူများအတွက် သင့်တော်မယ့် အရွယ်အစားမျိုးဖြစ်ပါတယ်။

Resolution    - Resolution အနေနဲ့ 540x960 pixels ရှိတဲ့အတွက် Movie ကြည့်သူတွေ Game ကစားသူတွေ Photo ကြည့်သူတွေအတွက် ကြည်လင်ပြတ်သားမှုရှိတဲ့ HD ရုပ်ထွက်မျိုးကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Processor  - ဖုန်းတစ်ခုလုံးကို မောင်းနှင်ထားတဲ့ စွမ်းရည်ကတော့ Quad-core 1.2 GHz ဖြစ်တဲ့အတွက် ဖုန်းတစ်ခုလုံးကိုအသုံးပြုရာမှာ ပေါ့ပါးသွက်လက်နေမှာဖြစ်ပါတယ်။ မြင်သာထင်သာအောင်ပြောရမယ်ဆို ရင်မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းတွေရဲ့ 97 % ဟာ Quad-core အဆင့်အထိ မမှီပါဘူး။ Intex Aqua i-5 ကတော့ Quad-core 1.2 GHz နဲ့မောင်းနှင်ထားတာဖြစ်ပါတယ်။

Rear camera - Camera ရဲ့ရုပ်ထွက်အနေနဲ့ 12-megapixel ရှိတဲ့အတွက် ဓါတ်ပုံရိုက်တဲ့အခါမှာ ရုပ်ထွက် အင်မတန်ကိုကောင်းမွန်ပါတယ်။ Camera ရဲ့စွမ်းဆောင်ချက်ကိုလည်း မြင်သာထင်သာအောင်ပြောရမယ်ဆို ရင်မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းတွေရဲ့ 98 % ဟာ3 , 5 , 8-megapixel သာရှိကြပါတယ်။ Intex Aqua i-5 ကတော့ 12-megapixel ပါရှိပါတယ်။ Front camera အနေနဲ့လည်း 2-megapixel ပါဝင်ပါသေးတယ်။

Battery - ဖုန်းရဲ့ Battery စွမ်းဆောင်ရည်ကလည်း 2000 mAh ရှိတဲ့အတွက် Game ကစားသူများ အင်တာ နက်အသုံးပြုသူများအတွက် ရည်ရှည်ခံနိုင်ရည်ရှိအောင်စွမ်းဆောင်ပေးနိုင်ပါတယ်ဗျာ။ Game နဲ့ အင်တာ နက်အသုံးမပြုဘူးဆိုရင် သာမန်ဖုန်းပြောရုံအတွက် 36 နာရီနီးပါးခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။  Standby အနေ နဲ့ 168 hours ခန့် ထားရှိနိုင်တယ်လို့သိရှိရပါတယ်။


Android OS, - Android OS ကတော့ v4.2 (Jelly Bean) ဖြစ်ပြီး မြန်မာနိုင်ငံမှာ အမြင့်ဆုံး OS တစ်ခုဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတော့ v4.3 ထွက်ရှိတယ်လို့ ကြားသိရပေမယ့်မြန်မာနိုင်ငံအတွင်း သို့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။


ဒီလောက်ရှင်းပြထားရင်တော့ Intex Aqua i-5 ရဲ့ စွမ်းဆောင်ရည်ကို ပြည့်ပြည့်စုံစုံသိရှိလောက်ပြီလို့ ထင်ပါတယ်ဗျာ။ Intex Aqua i-5 ကိုဝယ်ယူအသုံးပြုမယ်ဆိုရင်တော့ လူကြီးမင်း ၊ KMD ၊ KKA စတဲ့ Mobile Phone အရောင်းဆိုင်များနဲ့ အခြားသော ဆိုင်များမှာ လွယ်ကူစွာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ TKS Company သို့ တိုက်ရိုက်မှာယူချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်မေးမြန်းနိုင်ပါ တယ်ဗျာ။
Contact me:     TKS Company    - Phone no: 0943085442


ယခု ဖုန်းကို မိတ်ဆွေများသိအောင်ကြော်ငြာပေးပြီးသွားပြီဆိုတော့ ကျွန်တော့်အနေနဲ့ တစ်ခုတော့ရှင်းပြ ဖို့လိုမယ်ထင်ပါတယ်ဗျာ။ ပြည့်ဖြိုးတစ်ယောက် နည်းပညာ Website ထောင်ထားပြီးကြော်ငြာ နဲ့လုပ်စားနေပြီလားလို့အထင်မှားသွားမှာကိုစိုးရိမ်ပါတယ်။ ယခု Intex Aqua i-5 ကို ကြောငြာခအဖြစ် တစ်စုံတစ်ရာ အခအကြေးငွေလက်ခံပြီး ကြော်ငြာပေးခြင်းမဟုတ်ပါဘူး။ Intex Aqua i-5 ကိုတင်သွင်းဖြန့်ချီ ခွင့်ရရှိထားတဲ့ TKS Company က ကျွန်တော့်ဦးလေး Company ဖြစ်တဲ့အတွက် Free ကြော်ငြာပေးခြင်း သာဖြစ်ပါတယ်ဗျာ။ကျွန်တော့်ကိုသက်သက်မဲ့အနိုင်ကျင့်ပြီးကြော်ငြာခိုင်းတာဗျ ဟဲဟဲဟဲ........ နောက်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျလို့ Intex Aqua i-5 ကိုဘဲ အသုံးပြုနေပါတယ်ဗျာ။ TKS Company အနေဖြင့် အခြားသော Mobile ဖုန်းများကိုတင်သွင်းဖြန့်ချီ နေပြီး နောက်ထပ်လည်း အဆင့်တန်းမှီ ဖုန်းများ ၊ Network Accessories များ တင်သွင်းဖြန့်ချီထားတယ်လို့သိရှိရပါတယ်။

ထပ်ပြီးပြောချင်တာကတော့ Intex Aqua i-5 နဲ့ ပတ်သက်တဲ့ Error များကိုလည်း ကျွန်တော့်ရဲ့ www.pyaephyo.com မှာ မေးမြန်းနိုင်ပါတယ်။ အတက်နိုင်ဆုံး ကူညီဖြေရှင်းပေးသွားမှာပါ။ နောက်ပိုင်းမှာ လည်း Intex Aqua i-5 အတွက် သီးသန့် Root Tool နဲ့ Firmware ကိုလည်းထပ်ပြီးတင်ပေးသွား မှာဖြစ်ပါတယ်ဗျာ။ အားလုံးဘဲကျေးဇူးအထူးတင်ရှိပါတယ်နော်။

No comments:

Post a Comment