Search This Blog

Friday, September 20, 2013

Android အတွက် အင်္ဂလိပ်-မြန်မာ-တရုတ် အဘိဓါန်ကောင်းလေး. Shwebook Pro v2.1.3

ဒါလေးက ရှိနေနှင့်တာကြာပါပြီ.. တင်ထားတယ်လို့ထင်နေတာ. ပြန်ရှာတော့မတွေ့ဘူး.. လိုချင်သူများ ရှိမလားဆိုပြီး တင်ပေးလိုက်တာပါ.. အင်္ဂလိပ်-မြန်မာ-တရုတ် အဘိဓါန်ထဲမှာ Android အတွက် ဒီ အဘိဓါန်က ပထမဆုံးလို့သိရပါတယ်... အဘိဓါန်ဝေါဟာရ စုံလင်ပါတယ်.. ပိုပြီးကောင်းတဲ့အချက်က Definition Word အသစ် ၁၀ ခုကို Server မှာ ထည့်သွင်းထားပြီးသားဆိုရင် မိမိကိုယ်တိုင် ဖုန်းနဲ့ Synchronize လုပ်နိုင်မှာဖြစ်ပါတယ်..  Zawgyi Font ကို Install လုပ်ထားစရာမလိုဘဲ ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပါတယ်.. အင်္ဂလိပ်သံနဲ့ တရုတ်သံတွေကိုပါ နားထောင်နိုင်ပါတယ်..  ဒီ App ကို Install လုပ်ဖို့ Root Access ရှိဖို့မလိုအပ်ပါဘူး.. System မှာ နေရာယူမှုလည်း နည်းပါတယ်.. ဒီ Dictionary အတွက် Developer ကိုကျော်ကျော်ကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်..

အသုံးပြုနည်း
ဘယ် - ညာ Swipe ပြုလုပ်ပြီး အခြား Screens များကို ပြောင်းလဲပါ။ (Tab တစ်ခုချင်းအားလည်း ဖိနှိပ်ပြီး ပြောင်းလဲနိုင်ပါသည်။)
History - Favourite များမှ wrod တစ်ခု ချင်းစီအား ဖျက်ပစ်လိုပါက Item တစ်ခုချင်းအား ၁ စက္ကန့်ခန့် ဖိနှိပ်ထားပြီး Delete အားနှိပ်ပြီး ဖျက်ပစ်ပါ။
Result Screen မှ အင်္ဂလိပ် ၊ မြန်မာ ၊ တရုတ် တစ်ခုချင်းစီ၏ စာသားများအား copy ရယူလိုပါက Copy ယူလိုသော Definition Box အား တစ်စက္ကန့်ခန့် ဖိနှိပ်ထားပြီး ကော်ပီရယူပါ။
အခြား ဆက်သွယ်မှု ရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်အား ရယူလိုပါက Similar Word(s) အားဖိနှိပ်ပြိး ဆက်သွယ်မှု ရှိသော Definitions များအား ကြည့်ရှုပါ။
English နှင့် တရုတ် စာသားအသံထွက်နားထောင်လိုပါက Microsphone တွင် ဖိနှိပ်ပြီး အသံထွက်ပါ။
Most Update Definition Data များအား ရယူရန် About Screen တွင် Synchronize Database ကို နှိပ်ပြီး မိမိဖုန်းရှိ Data များအား ဆာဗာနှင့် ချိတ်ဆက်ပါ။
မိမိသိရှိပြိးဖြစ်သော အဓိပ္ပါယ်ဖွင့်ဆိုချက်အား Shwebook Dictionary Pro တွင် ထည့်သွင်းရန် အနည်းဆုံး English နှင့် Email အား မှန်ကန်စွာ ဖြည့်သွင်းပါ။

ဒီ Dictionary ကို Google Play Store မှာလည်း ရယူနိုင်သလို 1Mobile Market မှာလည်း ရယူနိုင်ပါတယ်..
Myanmar IT Helper
         Full Version Software & IT Solution For Myanmar People

Download From Playstore



Download From 1Mobile

No comments:

Post a Comment