Search This Blog

Thursday, September 26, 2013

Android File Permission ပြောင်း​နည်း

 Permission ပြောင်း​တာ လေး က အ​တော် အသုံးတည့်​ပါ​တယ်။ System ထဲ​ကို ဝင်​မွှေနှောက်​ပြီး ဖိုင်​တွေ သွင်း​ပြီး​ရင် Permission ဆို​တာ​လေး ကို​ပြောင်း​ရ​ပါ​တယ်။ဥပမာ​အနေ​နဲ့ T8830 Pro root လုပ်​ပြီး​သား​ဖုန်း​ကို Google application သုံး​လို့ ရအောင် လုပ်​နည်း​ကို ပြ​ထား​တာ​ပါ။ဒီ​နည်း နဲ့ ကျန်​တဲ့ ဖိုင်​တွေ​ကို လည်း /system အောက်​မှာ ထည့်​ရ​ပါ​တယ်။

Root လုပ်​ပြီး​သား​ဖြစ်​ရ​ပါ​မယ်။
T8830Pro Android version 4.0.4 မှာ အဆင်​ပြေ​ပါ​တယ်။
GoogleTalk.apk , GoogleServicesFramework.apk , GoogleLoginService.apk ကို sd card ထဲ​ကို ကူး​ထား​ပါ။ Root explorer ကို​ဖွင့်​ပါ။ Super Su request ပေါ်လာ​ရင် Grant ကို​နှိပ်​ပေး​ပါ။(အရ​င်​ကတည်းက Grant လုပ်​ထား​ရင်​မေး​မှာ​မဟုတ်​ပါ။) /sdcard အောက်​မှာ​သွင်း​ထား​တဲ့ GoogleTalk.apk , GoogleServicesFramework.apk , GoogleLoginService.apk တို့​ကို Copy (or) move လုပ်​ပြီး /system/app/ အောက်​ကို paste လုပ်​ပါ။(Paste လုပ်​လို့​မ​ရ​ဘူး​ဆို​ရင် Root explorer အပေါ်​နား​က Mount R/W ကို​တစ်​ချက်​တို့​လိုက်​ပါ။ Mount R/O ပြောင်း​သွား​ပြီ​ဆို​ရင် သွင်း​လို့​ရ​ပါ​ပြီ)။ GoogleTalk.apk ကို ဖိ​ထား​ပါ Options box တက်​လာ​ရင် Permission ကို​ဝင်​ပါ။ မဲ​ပေး​ဖို့ အကွက်​လေး​တွေ ပေါ်လာ​ပါ​မယ် :p ။ rw-r--r-- (ReadWrite- Read-- Read--)
ပြောင်း​ဖို့ ရှေ့ဆုံး​တန်း​က သုံး​ခု ကို အမှန်​ခြစ်​ပါ။ ဒုတိယ​တန်း​မှာ အပေါ်​ဆုံး​ကို အမှန်​ခြစ်​ပါ။ပြီး​ရင် OK နှိပ်​လိုက်​ရင် Permission ပြောင်း​သွား​ပါ​ပြီ။ GoogleServicesFramework.apk , GoogleLoginService.apk တွေ​ကို​ပါ rw-r--r-- Permission ပြောင်း​ပြီး​ရင် Google apk တွေ​သုံး​လို့​ရ​သွား​ပါ​ပြီ။ Playstore,Gmail,Maps တွေ​ကို ပုံ​မှန်​အတိုင်း install လုပ်​ပြီး​သုံး​နိုင်​သွား​ပါ​ပြီ။ ဒီ​နည်း​ကို Livewallpaper သုံး​မ​ရ​တဲ့ U8661 ကို ကလိ​ရင်း ရ​ခဲ့​တာ​ပါ။ တခြား​တော့​မဟုတ်​ပါ။ system/app/ အောက်​က apk တွေ​အတိုင်း Permission ကို​ထား​ကြည့်​ပြီး ကြက်​ကန်း​ဆန်​အိုး​တိုး​သွား​တာ​ပါ။ :P
 

No comments:

Post a Comment